Ep-26

1K 84 0
                                    

အပိုင်း(၂၆)

စွဲညှို့အိပ်ယာကနိုးနိုးခြင်း မျက်နှာပေါ်ကတနေရာတွင်တင်းရင်းနေတာကိုခံစားလိုက်ရသည် ထို့ကြောင့်  ကမန်းကတမ်းထကာ ရေချိုးခန်းထဲ ပြေးဝင်လျက် အထဲကမှန်တွင်ကြည့်လိုက်ရာ
"အားးးးး.....ဝက်ခြံ..."အနည်းငယ်ဖောင်းနေတဲ့အဖုလေးကို  လက်ထိပ်ကလေးနဲ့တို့ကြည့်လိုက်ပြီးပြာပြာသလဲဖြစ်သွားရသည်
"ဒုက္ခပါပဲ ဘလိုလုပ်ရမလဲ ...."အသည်းအသန်ပဲ ခုတင်ပေါ်ကဖုန်းကိုပြေးယူကာ နံပါတ်တစ်ခုကိုရှာလိုက်ရသည် ခနအကြာ ဖုန်းဝင်သွားပြီး
"ဟလို အက္ခရာရေ လုပ်ပါဦး...ငါ့ကိုကူညီဦး.."
"ဘာဖြစ်လို့လဲဟ...အလန့်တကြား"
"ငါ့ ငါ့နဖူးလေ အဖုပေါက်နေတယ်  လုပ်ပါဦး"
"အမလေးဟဲ့ ဝက်ခြံပေါက်တာကို ဘီလူးစီးတာကျနေတာပဲ "
"နင်ကလည်းဟာ ငါတခါမှမှမပေါက်ဖူးပဲကို"
"နင်ဘယ်ကဘလိုဖြစ်တာတုန်း အချဉ်စားလိုက်လို့လား."
"အေး ဟုတ်မယ် ခေတ်နဲ့အတူပုဂံသွားတုန်းက သူအချဉ်ပေါင်းစားတာ ငါလည်းသရေကျပြီး လိုက်စားမိတာ"
"ဖြစ်တာတောင်နည်းသေးတယ် နင်တခါမှမစားဘူးပဲဟာ ငတ်တာကိုး"
"ခေတ်ကျတော့ဘာမှမဖြစ်ဘူးလေဟာ ငါလည်းဘယ်ထင်ပါ့မလဲ"
"ခေတ်ဆိုမှ နင်ငါ့ကိုလျှိုထားတယ်နော် ငါလုံးဝမကျေနပ်ဘူး"
"ဘာကိုလဲ"
"နင်နဲ့ခေတ် ချစ်သူတေဖြစ်နေတာကိုငါ့ကိုမပြောဘူးစိတ်ဆိုးတယ်တကယ်..."
"အော် အေး ငါက နင့်ယောင်းမနဲ့ချစ်သူတေဖြစ်နေပါပြီဆိုပြီး ဝမ်းသာအားရဖုန်းဆက်ပြောရမှာလား"
"နင်နော်..."
"နင်ကဘလိုသိတာလဲ "
"သုတပြောတာလေ."
"ဒီကောင်ကတော့"
"မယ်မယ် အခုမှ ဘာဖြစ် သုတခမျာ သနားပါတယ် နင့်ကိုနှစ်တေအကြာကြီးစောင့်နေရရှာတာ ခုတော့ တခြားတစ်ယောက်ဆီပါသွားတော့စိတ်မကောင်းစရာပဲ"
"သနားရင်နင်ယူလိုက်ပါလား အစောတည်းက"
"ဟဲ့တော်ပါနော် ငါက ကိုကြီးရှိတယ် အော်ဒါနဲ့ ကိုကြီး‌‌ေတာင်မကြာခင်ပြန်လာတော့မယ်သိလား အဟိ"
"ဘာရယ် နင့်ကိုကြီးသွားတာ ဘယ်လောက်ကြာသေးလို့လဲ."
"အို နင်ကလည်း စောစောပြန်လာတော့ကောင်းတာပေါ့ဟယ်"
"အင်းပါ အင်းပါ ငါတို့ကိစ္စကိုနင့်ကိုကြီးမသိစေနဲ့ဦး အဲ့ကိစ္စတေကိုငါတို့ဘာသာကိုယ်တိုင်ပြောမယ်"
"အေးပါ အေးပါ"
သူများပြောမှသိရတယ်ဆိုတဲ့အဖြစ်မျိုးမဖြစ်စေချင်တာကြောင့် အက္ခရာကိုပဲ နှုတ်ပိတ်ထားရသည်
........

မေတ္တာ 'လွန်'Where stories live. Discover now