Unicode Version
နေဝင်ချိန်၌ ဝန်းကျင်တစ်ခုလုံး မူမမှန်စွာ တိတ်ဆိတ်နေသည်။ ရွှယ်ရှင်းလော့လည်း သွေးမုန်တိုင်းတိုက်မည့်ဖြစ်ရပ်တွင် ပါဝင်ပတ်သတ်ရန် အဆင်သင့်ဖြစ်နေပြီ။ ရွှယ်ရှင်းလော့သည် အခန်းတံခါးပိတ်ကာ ရွှမ်မင်နှင့် အချိန်းအချက်ပြုထားသည့်နေရာသို့ ထွက်လာခဲ့သည်။
ရွှယ်ရှင်းလော့ စောင့်နေစဉ် ကျောက်ဖန်းရောက်လာ၏။
ကျောက်ဖန်းက ရွှယ်ရှင်းလော့ကိုပြောသည်။
"အဆင်သင့်လိုက်တာ ဂိုဏ်းတူညီလေးရွှမ်မင်က မင်းကိုတွေ့ဖို့ ခေါ်ခိုင်းလိုက်တယ်"
ရွှယ်ရှင်းလော့က "ဟုတ်လား"ဟုဆိုပြီး ကျောက်ဖန်းနှင့်အတူ လိုက်လာခဲ့၏။
ရွှယ်ရှင်းလော့သည် ကျောက်ဖန်း၏ မှော်စွမ်းအင်အရှိအဝါကို မှန်ကန်စွာအတည်ပြုနှင့်ပြီးဖြစ်၏။ ထိုလူ၏အရှိန်အဝါသည် လုပ်ကြံသူများလက်မှ အသက်လုပြေးခဲ့ရသောညက အာရုံခံမိခဲ့သောအရှိန်အဝါနှင့် ထပ်တူတူညီသည်။
"စိတ်ဝင်စားစရာတွေ စလာပြီ"ဟု ရွှယ်ရှင်းလော့ စိတ်ထဲကပြောလိုက်သည်။
ထို့နောက် သရုပ်မှန်ဖော်ထုတ်လာမည့်အချိန်ကို စောင့်ရင်း ကျောက်ဖန်းခေါ်ရာသို့ အမေးအမြန်းမရှိလိုက်သွားသည်။
ရွှယ်ရှင်းလော့သည် လူ့ပြည်မှ ဇာတ်လမ်းများထဲ၌ ကောက်ကျစ်သူများသည် ဓားစာခံကို လှည့်စားကာခေါ်သွားတတ်ကြပြီး အချိန်ကောင်းကိုစောင့်ကာ အစွယ်ထုတ်ပြသော ဇာတ်လမ်းဇာတ်ကွက်များ မရေမတွက်နိုင်အောင် ဖတ်ဖူးခဲ့ပြီဖြစ်၏။ သို့သော်လည်း ဓားစာခံဖြစ်တော့မည့်အနေအထားကို ကိုယ်တိုင်ခံစားနေရချိန်၌မူ စိတ်လှုပ်ရှားကာ မယိုးမယွဖြစ်နေမိသည်ကိုတော့ မငြင်းနိုင်ပါ။
ကျောက်ဖန်းက လူပြတ်သောနေရာသို့ ခေါ်သွားနေသည်။ ရွှယ်ရှင်းလော့လည်း လူသားဆန်ဆန်တုန့်ပြန်ရန် ဖတ်ဖူးခဲ့သောဇာတ်လမ်းထဲမှ စကားပြောတစ်ခုကို အပြေးအလွှားစဉ်းစားက လှမ်းမေးသည်။
"အစ်ကိုကြီး ကျွန်တော့်ကို ဘယ်ကိုခေါ်သွားနေတာလဲ"
ကျောက်ဖန်းက ရုတ်တရက် လှုပ်ရှားလိုက်၏။
YOU ARE READING
THE PROMISE OF A THOUSAND WISTERIA
FantasyUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...
