Unicode Version
ရွှယ်ရှင်းလော့၏ အကြံပြုချက်က မှန်ကန်သည်။ မြေနတ်အရှင်ပူဇော်ပွဲသည် အလွန်စည်ကားသည့်အပြင် အရောင်အသွေးစုံလင်သော ဝတ်စုံအမျိုးမျိုးဖြင့် လူများကိုလည်း တွေ့ရလေသည်။ ယွဲ့နန်မြို့သည် အမြဲစည်ကားသည့် မြို့တစ်မြို့ဖြစ်သော်လည်း မြေနတ်အရှင်ပူဇော်ပွဲနေ့တွင် နှစ်ဆသုံးဆ ပို၍ စည်ကားနေလေသည်။ လမ်းများပေါ်တွင် မုန့်ဆိုင်များအပါအဝင် ဆိုင်မျိုးစုံပြည့်နှက်နေ၏။ လူများခြေချင်းလိမ်သည်အထိ စည်ကားနေသည်။ ထို့ကြောင့် စိတ်လှုပ်ရှားမိသည်ကိုတော့ ရွှမ်မင် မငြင်းဆန်နိုင်ပါ။ မြေနတ်အရှင်များကို ပူဇော်သည့် မှော်ပညာရှင်များလည်း ဥဒဟိုသွားလာနေကြ၏။ သူတို့အားလုံးတွင် တူညီသည့်အရာမှာ ပုံစံအမျိုးမျိုးရှိသော မျက်နှာဖုံးများ တပ်ထားကြခြင်းဖြစ်သည်။
ရွှမ်မင်သည် မိမိနှင့်ဂိုဏ်းတူသည့် မိစ္ဆာဖမ်းသူများကို စုံစမ်းရင်း လမ်းမပျောက်ရန် သတိထားနေရသည်။ ဤသို့ စည်ကားသောမြင်ကွင်းကိုမြင်လျှင် ချီးမွမ်းမြှောက်ပင့်၍တစ်မျိုး ဝေဖန်အကဲဖြတ်၍တစ်ဖုံ အလုပ်ရှုပ်နေမည့် ရွှယ်ရှင်းလော့ကိုလည်း သတိရမိလေသည်။
"သကြားချိုချောင်းတွေရမယ်နော် သကြားချိုချောင်းတွေရမယ်"
သကြားမုန့်သည်က ဆိုင်ရှေ့မှဖြတ်သွားသည့် ရွှမ်မင်ကိုလှမ်းခေါ်သည်။
"သကြားချိုချောင်း ဝယ်ပါဦး ညီလေး"
သကြားချိုမုန့်ကိုမြင်လျှင် ရွှယ်ရှင်းလော့ စိတ်ပြေကောင်းပြေလိမ့်မည်ဟု မျှော်လင့်မိ၏။ ရွှမ်မင်သည် သကြားချို ၂ ချောင်းဝယ်ကာ ကျသင့်ငွေပေးချေသည်။
ကျသင့်ငွေကိုလက်ခံပြီးနောက် ဆိုင်ရှင်က ပြောသည်။
"ယွဲ့နန်မြို့မှာလုပ်တဲ့ သကြားချိုချောင်းတွေရဲ့ထူးခြားချက်ကို သိလား"
ရွှမ်မင်က မသိသောကြောင့် ခေါင်းခါပြလိုက်၏။
ဆိုင်ရှင်က အားပါးတရရှင်းတော့သည်။
"ညီလေးက ဒီမြို့ခံမဟုတ်မှန်း သိသာနေလို့မေးကြည့်မိတာ မှန်သွားတဲ့ပုံပဲ။ ယွဲ့နန်မြို့မှာလုပ်တဲ့ သကြားချောင်းတွေက ပုံမှန်သကြားချောင်းထပ် အေးမြပြီးအချိုဓာတ်ကဲတယ်။ တစ်ကိုက်ကိုက်တိုင်း ရေခဲမှုန်လေးတွေကို ဖိချေလိုက်ရသလိုခံစားချက်မျိုး ပေးနိုင်တယ်ကွ။ ဒါပေမယ့် အအေးဓာတ်လျော့သွားရင် အရည်ပျော်ကျသွားလိမ့်မယ်။ ဒါကြောင့်လည်း ယွဲ့နန်သကြားချိုချောင်းကို နတ်ဘုရားရဲ့နှင်းမှုန်မုန့်လို့ ခေါ်ကြတယ် ဟဲ ဟဲ ဟဲ"
KAMU SEDANG MEMBACA
THE PROMISE OF A THOUSAND WISTERIA
FantasiUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...