အပိုင်း ၂၆ |Unicode+Zawgyi|

57 6 5
                                    

Unicode Version

လှေသည် ယွဲ့နန်မြို့ထဲရှိ လှေဆိပ်တစ်ခုသို့ ဆိုက်ကပ်လိုက်၏။ ရှိုးလော့ဖုန်းယွီက မကောင်းမြင်ခံရရုံဖြင့် တုန်လှုပ်မည့်လူမဟုတ်ပါ။ ဒုက္ခပေးရန်ကြံနေသည့်ရှားယဲ့ကို အဖက်မလုပ်ဘဲ လှေပေါ်မှ တစ်ယောက်တည်းဆင်းသွားသည်။ ယခုအကြိမ်၌ ခပ်စိမ်းစိမ်းအကြည့်များသာမက တီးတိုးပြောသံများကိုပါ ခံယူလိုက်ရလေသည်။

"ချမ်းသာတယ်ဆိုပြီး ဂုဏ်မောက်နေတဲ့လူပဲ"

"ကိုယ်ချင်းစာတရား ခေါင်းပါးလိုက်တာ"

"ရုပ်လေးသနားကမားနဲ့ ရက်စက်တဲ့လူ"

ရှိုးလော့ဖုန်းယွီ ဝေဖန်ခံနေရချိန်တွင် ရှားယဲ့တစ်ယောက် ဝမ်းသာနေမည်ကို သံသယဖြစ်စရာမရှိပါ။

ရှားယဲ့က ခရီးသည်များအကုန်ထွက်သွားပြီးမှ လှေပေါ်မှဆင်းပြီး ရှိုးလော့ဖုန်းယွီနောက်သို့ အမီလိုက်လာသည်။

ရှိုးလော့ဖုန်းယွီက ရွှေတုံးအနည်းငယ်ကို ပစ်ပေးလိုက်သည်။ မျက်မမြင်ကောင်လေးက ရွှေတုံးများကိုတော့ အတိအကျဖမ်းယူထားသည်။

ရှိုးလော့ဖုန်းယွီက ရှားယဲ့ကိုပြော၏။

"သွားချင်တဲ့နေရာသွား လုပ်ချင်တာလုပ်နေ.. ငါအရှင်ခေါ်ရင် ချက်ချင်းလာခဲ့"

ရှားယဲ့ကလည်း ရှိုးလော့ဖုန်းယွီခွင့်ပြုချက်ရသည်နှင့် နှစ်ခါမစဉ်းစားဘဲ လှစ်ခနဲထွက်သွားသည်။

ရှိုးလော့ဖုန်းယွီသည် လူ့ပြည်တွင်ရှိနေစဉ် တစ်ခဏတော့ ရှားယဲ့ကို လွတ်လပ်ခွင့်ပေးထားခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ ရှားယဲ့သည် ရှိုးလော့ဖုန်းယွီထိန်းချုပ်မှုအောက်၌ ကျွန်တစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး ထွက်ပြေးနိုင်မည်မဟုတ်ပါ။

ရှားယဲ့၏ ပထမဆုံးဦးတည်ရာမှာ ရှင်းလော့နှင့်အတူတူအလုပ်လုပ်ခဲ့သည့် စာအုပ်ဆိုင်ဖြစ်သည်။ လူ့ဘဝမှမှတ်ဉာဏ်များသည် တစ်နေ့တခြားဝေဝါးလာပြီး တချို့မှတ်ဉာဏ်များလည်း ပျောက်ဆုံးသွားရပြီဖြစ်၏။

ရှားယဲ့သည် စာအုပ်ဆိုင်ရှေ့တွင်ရပ်ပြီး ဆိုင်ထဲသို့ လှမ်းကြည့်သည်။ ၁၀ နှစ်ကြာပြီးသည်အထိ စာအုပ်ဆိုင်သည် စာအုပ်ရောင်းသူအသစ်များဖြင့် မပြောင်းမလဲ လည်ပတ်နေဆဲဖြစ်သည်။

THE PROMISE OF A THOUSAND WISTERIADonde viven las historias. Descúbrelo ahora