Unicode Version
slimeက readerတွေကို စိတ်ကူးယဉ်ကမ္ဘာတစ်ခုဆီ ခေါ်သွားချင်ပါတယ်။ slimeက ကလေးအရွယ်တည်းကစပြီး Xianxia Wuxia ဇာတ်လမ်းတွေကို အရူးမူးကြိုက်ခဲ့တယ်။ စာဖတ်တတ်တဲ့အရွယ်ရောက်တော့ မဂ္ဂဇင်းတွေထဲမှာ လစဉ်ပါတဲ့ သိုင်းစာစဉ်တွေကို မလွတ်တမ်း စောင့်ဖတ်တယ်။ ရုပ်ပြစာအုပ်တွေကို နားလည်အောင်ဖတ်တတ်တဲ့အရွယ်ရောက်တော့လည်း "အနောက်အရပ်သို့ခရီးသွားခြင်း (ဝူခုန်း)"ရုပ်ပြစာအုပ် တစ်တွဲလုံး စာအုပ်ရေမမှတ်မိတော့ဘူး အကြိမ်ကြိမ်ပြန်ဖတ်တဲ့အထိ စွဲလမ်းခဲ့တယ်။ စိတ်ကူးထဲမှာ ပုံဖော်ပြီးမြင်ယောင်နေရတာကိုက ပျော်စရာကောင်းနေခဲ့တာပါ။ slimeကံကောင်းခဲ့ပါတယ်။ ဘာလို့ဆိုတော့ slimeမမွေးခင်တုန်းက အိမ်မှာ စာအုပ်အငှားဆိုင်ဖွင့်ဖူးလို့ သိုင်းစာစဉ်တွေ အများကြီးရှိတယ်။ စာကို လုံးစေ့ပတ်စေ့ ဖတ်တတ်တဲ့အရွယ်မှာ ဝူခုန်းရုပ်ပြအတွဲကလွဲရင် ကျန်တဲ့စာအုပ်အများစုက ချ ကိုက်ခံရပြီး ပျက်စီးကုန်တာကလွဲလို့။ ဒါပေမယ့် သိပ်ပြီးဝမ်းမနည်းခဲ့ပါဘူး။ တခြားရပ်ကွက်မှာ စာအုပ်အငှားဆိုင်ရှိသေးလို့ မိဘတွေကို စာအုပ်ငှားပေးဖို့ ပူဆာလို့ရတယ်လေ ဟဲဟဲ။ ကလေးတုန်းကတော့ စာစဉ်တစ်ပုဒ်ဖတ်ပြီးတိုင်း စိတ်ကူးယဉ်မှုတွေအများကြီးမှအများကြီး ကျန်ခဲ့ပါတယ်။ "ငါလည်း ဝူခုန်းလိုမျိုး မိစ္ဆာတွေကို ချမယ် "တို့ဘာတို့ပေါ့။ ရုပ်ရှင်ကြည့်တတ်တဲ့အရွယ်ရောက်တော့ Journey to the West (1986) ရုပ်ရှင်ကို အကြိမ်ကြိမ်ပြန်ကြည့်တဲ့အထိ ရူးသွပ်ခဲ့တယ်။ ကျောင်းစာဘက်ကို အာရုံစိုက်ရတဲ့အရွယ် ရောက်လာတည်းက Xianxia Wuxia ဇာတ်လမ်းတွေနဲ့ အကြာကြီးဝေးကွာနေခဲ့တယ်။ ဒါပေမယ့် တိုက်ဆိုင်တိုင်း အတွေးထဲမှာ စိတ်ကူးယဉ်စရာတွေ ပေါ်လာတတ်ပါတယ်။ Xianxia Wuxia ဇာတ်လမ်းတွေက slimeရဲ့ကလေးဘဝမှာ ပျော်စရာတွေဖြစ်ခဲ့ပါတယ်။ ဒီအမှတ်တရတွေကြောင့်ပဲ ဒီနေ့Harmless Slimeနာမည်နဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးဖြစ်လာတယ်။
Wattpadက စာရေးသူတွေအတွက် စိတ်ကူးစိတ်သမ်းတွေရှိသရွေ့ ဖန်တီးနိုင်ပြီး စာဖတ်သူတွေအတွက်လည်း ရှေးတုန်းကလို စာအုပ်အငှားဆိုင်အထိ တကြိုးတပမ်း သွားစရာမလိုတော့ဘဲ အင်တာနက်ရှိရုံနဲ့ စာဖတ်လို့ရတဲ့နေရာမို့လို့ သိပ်အဆင်ပြေတယ်လို့မြင်တယ်။အပျော်တမ်းဝါသနာရှင်တစ်ယောက်ရဲ့ personalအမြင်မို့လို့ အမှားပါမိရင် တောင်းပန်ချင်ပါတယ်။ Wattpad platformမှာ slimeရဲ့ စိတ်ကူးယဉ်ကမ္ဘာအပိုင်းအစလေးတွေကို ချပြဖို့အခွင့်အရေးရလို့ အတိုင်းမသိ ဝမ်းသာရပါတယ်။ slimeရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေက readerတွေ အကြိုက်ဖြစ်ပါ့မလား မခန့်မှန်းနိုင်ပါဘူး။
ESTÁS LEYENDO
THE PROMISE OF A THOUSAND WISTERIA
FantasíaUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...