အပိုင်း ၂၂ |Unicode+Zawgyi|

55 12 3
                                    

Unicode Version

ရှိုးလော့ဖုန်းယွီ၏ ပထမဆုံးခြေလှမ်းမှာ ကောင်းကင်ဘုံ၏ အရှေ့ဘက်ဂိတ်တံခါးကို တိုက်ခိုက်ခြင်းဖြစ်သည်။

သို့သော် တကယ်လက်တွေ့တိုက်ခိုက်သည့်အချိန်၌မူ မှန်းချက်နှင့်နှမ်းတွက်မကိုက်ဘဲ​ ဖြစ်နေသောကြောင့် မိစ္ဆာဘုရင်ကြီး ရှိုးလော့ဖုန်းယွီ နေမထိထိုင်မသာဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကို ခြိမ်းခြောက်ရန်သွားခါမှ ဟာသကြီးတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့ရသောကြောင့်ဖြစ်သည်။

ရှားယဲ့ဓားက ရှိုးလော့ဖုန်းယွီ၏အမိန့်မှန်သမျှကို လက်တစ်လုံးခြားပြီး ဆန့်ကျင်ဘက်တွေကိုသာ ရွေးလုပ်သည်။

"သတ်"ဟု အမိန့်ပေးလျှင် မိစ္ဆာစစ်သည်များကိုသာ ရွေးသတ်သည်။ အပြစ်တင်လျှင် "နောက်တစ်ခါဆိုရင် ရှင်းရှင်းလင်းလင်းပြောပါ"ဟုပြောပြီး မိစ္ဆာဘုရင်ကို ပြန်အပြစ်ဖို့သည်။

ရှိုးလော့ဖုန်းယွီက ဓားပျံအဖြစ်စီးလျှင် ပျံရုံသာပျံပြီး ရှေ့သို့မသွား နောက်လည်းမဆုတ်ချေ။ အကြောင်းပြချက်ကား "ခင်ဗျားက အကုသိုလ်ဖိစီးပြီး အလေးချိန်စီးနေလို့ ကျုပ် မရွေ့နိုင်ဘူး"ဟူ၍ဖြစ်၏။

နောက်ဆုံး၌ ရှိုးလော့ဖုန်းယွီလည်း မှော်လက်နက်ကို မထိန်းချုပ်နိုင်သူဟု အရှက်ကွဲအကျိုးနည်းဖြစ်မည့်အရေးကို ရှောင်လွှဲရန် ဓားကိုပြန်သိမ်းကာ လက်ချည်းသက်သက် သောင်းကျန်းခဲ့ရှာသည်။

မိစ္ဆာမြို့တော်သို့ ပြန်ရောက်သောအခါ ရှိုးလော့ဖုန်းယွီသည် ရှားယဲ့ဓားကို အပြစ်ပေးရန် ညဉ့်နက်ရေကန်အောက်ခြေတွင် တစ်ပတ်တိတိ ချုပ်နှောင်ထားလိုက်၏။ ထိုအချိန်တစ်ပတ်အတွင်း၌ ရှိုးလော့ဖုန်းယွီက လောက၃ပါးမှ ပညာရှင်များရေးသားပြုစုသည့် မှော်ဓားလမ်းညွှန်စာအုပ်များကို ဝီရိယရှိရှိလေ့လာသည်။ အဘယ်ကြောင့်ဆိုသော် လောကကြီးနှင့် နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့သောကြောင့်  မှော်လက်နက်ထိန်းချုပ်သည့်နည်းလမ်းများကို မေ့လျော့နေပြီဟု မိမိကိုယ်ကိုယ် သံသယဝင်မိသောကြောင့်ဖြစ်သည်။ သို့သော် ရှိုးလော့ဖုန်းယွီ ကံမကောင်းခဲ့ပါ။ မှော်ဓားလမ်းညွှန်စာအုပ်များထဲတွင် အရွဲ့တိုက်နေသည့် မှော်ဓားကို နာခံလာအောင်လုပ်နည်းဟူသော နည်းလမ်းကို ဖော်ပြထားခြင်း မရှိသောကြောင့်ဖြစ်သည်။

THE PROMISE OF A THOUSAND WISTERIAWhere stories live. Discover now