Unicode Version
စာအုပ်ကိုဖတ်နေစဉ် ရွှယ်ရှင်းလော့ ပြန်လာသောကြောင့် သူခိုးကိုလူမိသွား၏။
ရွှမ်မင်က မလုံမလဲဖြစ်သွားကာဖြေရှင်းသည်။
"စာအုပ်ဖွင့်ထားတာတွေ့လို့ ယူဖတ်မိသွားတာ"
ရွှယ်ရှင်းလော့က "ဘာလို့ရှင်းပြနေတာလဲ"ဟူသော မေးခွန်းတစ်ခုတည်းဖြင့် ရွှမ်မင် ချောင်ပိတ်မိသွားအောင် မေးခွန်းထုတ်လိုက်သည်။
ရွှယ်ရှင်းလော့က အခန်းထဲဝင်ပြီး တံခါးပိတ်ရင်း ဆက်မေးသည်။
"ရေးထားတာဘယ်လိုနေလဲ။ သုံးသပ်ချက်ပေးပါဦး"
ရွှမ်မင်က "မဆိုးပါဘူး"ဟု ဖြေ၏။
ရွှယ်ရှင်းလော့က စာအုပ်ကို ရွှမ်မင်လက်ထဲ တွန်းထည့်ကာ ပြောလိုက်သည်။
"ဖတ်လို့မပြီးသေးရင် ယူသွားပြီး အေးအေးဆေးဆေးဖတ်လို့ရတယ်နော်"
ရွှမ်မင်က စာမျက်နှာတချို့ကို လှန်ကြည့်ကာ မေး၏။
"စစ်နတ်ဘုရားရှင်းလော့ဆိုတာ.."
"ကျွန်တော်လေ.. ဘာဖြစ်လို့လဲ ကိုယ့်ကိုယ်ကိုယ်ထည့်ရေးလို့ မရဘူးလား"
မှန်၏။ ရွှယ်ရှင်းလော့သည် စာရေးဆရာတစ်ယောက်ဖြစ်သည်။ ယနေ့ခေတ် စာဖတ်ပရိတ်သတ်များကြားတွင် အဓိကဇာတ်ကောင်က အခက်အခဲများစွာကျော်ဖြတ်ရင်း ဒုက္ခအလီလီခံစားရပြီး နောက်ဆုံး၌ မသေမျိုးနတ်ဘုရားအဖြစ်အောင်မြင်သွားသော ကျင့်ကြံခြင်းဇာတ်လမ်းများ ခေတ်စားနေသည်။ အဓိကဇာတ်ကောင်တွင် လွမ်းမောဖွယ် နောက်ခံဇာတ်လမ်းတစ်ပုဒ်နှင့် ဆုံးရှုံးမှုများလည်းရှိရဦးမည်။ ခက်ခဲကြမ်းတမ်းသောဘဝကို လူများက ပို၍စိတ်ဝင်စားသည်။
ရွှယ်ရှင်းလော့က ချော်လဲရောထိုင်လုပ်ပြီးနောက် ရွှမ်မင်ကို အကဲခတ်နေသည်။ ရွှမ်မင်က ထိုဇာတ်လမ်းကို ယုံကြည်သွားမှသာ ရွှယ်ရှင်းလော့ စိတ်အေးနိုင်တော့သည်။
ရွှမ်မင်က စာအုပ်၏ ပထမဆုံးစာမျက်နှာသို့လှန်ပြီးနောက် ပြောလိုက်သည်။
"ဒီမှာပဲ အပြီးအထိဖတ်သွားမယ်"
ထို့နောက် ရွှယ်ရှင်းလော့၏ စာကြည့်ခုံတွင်ထိုင်ကာ စာအုပ်ကို ဖတ်လေတော့သည်။ မပြီးမချင်း ပြန်မည့်ပုံမပေါ်ပါ။
ESTÁS LEYENDO
THE PROMISE OF A THOUSAND WISTERIA
FantasíaUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...
