အပိုင်း ၁၉ |Unicode+Zawgyi|

69 9 1
                                        

Unicode Version

အိမ်တံခါးမှ ရှေ့ဆင့်နောက်ဆင့်ဝင်လာသော ရှင်းလော့နှင့် ရွှမ်မင်ကို ပိုင်ကျိုးရွှေက ဝမ်းသာအားရ ခရီးဦးကြိုပြု၏။

"ဟေ့ မင်းတို့နှစ်ယောက် အပေးအယူတည့်သွားပြီလား" 

ရွှမ်မင်က တိုက်ပွဲထဲလိုက်ခွင့်ရသွားသော အဓိပ္ပါယ်ဖြင့် အဓိပ္ပါယ်ပေါက်ကာ ခေါင်းညိတ်ပြသည်။ ရှင်းလော့က ပိုင်ကျိုးရွှေမှာလိုက်သော စကားလုံးကြီးများကို နားထဲမှ မထွက်သေးသောကြောင့် ပျာပျာသလဲ ခေါင်းခါပြသည်။ ထိုနှစ်ယောက်ကြားတွင် ပိုင်ကျိုးရွှေကလည်း သူ့အထင်နှင့်သူ စိတ်ထဲ၌ အဓိပ္ပါယ်ပေါက်သွားပြန်သည်။ 

"အဆင်ပြေသွားပုံရတယ်။ ဒီကောင်လေး ရှင်းလော့ ဖွင့်ပြောရဲမယ်ထင်မထားဘူး"ဟူ၍ 

ရွှမ်မင်က တိုက်ပွဲထဲလိုက်ပါတော့မည်ဖြစ်ကြောင်း ပိုင်ကျိုးရွှေကို ပြောပြသောကြောင့် ပိုင်ကျိုးရွှေကလည်း လောက၃ပါးမဟာစစ်ပွဲ စတင်ခြင်းမှစ၍ မိစ္ဆာဘုရင်ကို အနိုင်တိုက်နိုင်ခဲ့ခြင်းအထိ အစအဆုံး ဖောက်သည်ချတော့၏။ ဤသို့ဖြင့် မနက်မိုးလင်းသွားခဲ့သည်။

ရှင်းလော့က လူနှစ်ယောက် စကားပြောနေသည့်ကြားကပင် စားပွဲခုံပေါ်၌ မှောက်အိပ်နေသည်။ မနက်ခင်းစောစောသည် အအေးဓာတ်ကဲသော်လည်း ရှင်းလော့ကတော့ အအေးဓာတ်ကို သတိမထားမိပါ။ အဘယ်ကြောင့်ဆိုသော် ပိုင်ကျိုးရွှေ တစ်ညလုံး တရစပ်စကားပြောပြီး ရေသောက်အမောဖြေစဉ် ရွှမ်မင်က စောင်တစ်ထည်အပြေးယူကာ ရှင်းလော့ကိုယ်လေးပေါ် လွှမ်းခြုံပေးထားသောကြောင့်ဖြစ်သည်။

ပိုင်ကျိုးရွှေက ရှင်းလော့ကို ဂရုစိုက်နေသော ရွှမ်မင်ကို မျက်လုံးဒေါက်ထောက်ကြည့်နေရင်း တွေးမိသည်။ 

"ဪ..ဟိုစစ်နတ်ဘုရားကောင်က ဒီလောက်ချမ်းတာလောက်ကို စာမဖွဲ့မှန်းသိသွားရင် ဘယ်လိုနေမလဲမသိဘူး.."

သို့သော်လည်း ပိုင်ကျိုးရွှေက ပွဲဖျက်မည့်လူမဟုတ်ပါ။ နဂါးအစွမ်းသုံးပြီး အအေးဓာတ်ကို မဆိုစလောက် မြှင့်တင်ပေးလိုက်သေးသည်။

ရှင်းဟူ၏ဝါးအိမ်ထဲတွင် ၄ယောက်နေရသည်မှာ အခက်အခဲမရှိလှပါ။ အဘယ်ကြောင့်ဆိုသော် ၄ယောက်လုံးသည် သွားချင်ရာသွား လုပ်ချင်ရာလုပ်သူများချည်းသာဖြစ်ပြီး ထမင်း၃နပ်စားချိန်မှ လူစုံတက်စုံ မျက်နှာချင်းဆိုင်မိကြသောကြောင့်ဖြစ်သည်။ အဖြစ်မှန်ကမူ ရွှမ်မင်မှလွဲ၍ နတ်ဘုရား၃ပါးက ထမင်းစားစရာမလိုပါ။ လူသားများလို ထမင်းစားပွဲ၌ ထိုင်စောင့်သည့်အလုပ်ကို ဘာကြောင့်လုပ်နေကြလဲဆိုသည်ကိုတော့ သူတို့ကိုယ်တိုင်သာ သိကြလိမ့်မည်။ မည်သို့ပင်ဆိုစေ ရွှမ်မင်နှင့် ရှင်းလော့ကြားမှ ဆက်ဆံရေးအဖုအထစ်လေးကလည်း ပျောက်ပျယ်သွားပြီဖြစ်၏။ 

THE PROMISE OF A THOUSAND WISTERIAWhere stories live. Discover now