Unicode Version
ဇာတ်ကောင်မိတ်ဆက် ၂
ရှိုးလော့ဖုန်းယွီ (Main Character)
အမည် - ရှိုးလော့ဖုန်းယွီ/ မိစ္ဆာဘုရင်/ ရှေးဟောင်းမိစ္ဆာ/ Lord Asura Feng Yu
အသက် - နှစ်ငါးသန်း [လူ့ပြည်နှစ်ကာလဖြင့်]
အရပ် - ၁၉၅ စင်တီမီတာ [မူလခန္ဓာကိုယ်]
၁၈၅စင်တီမီတာ [ခန္ဓာကိုယ်အသစ်ဖြင့်
ပြန်လည်ရှင်သန်ပြီးနောက်]
Gender - Male
လျန်ပိယာ
အမည် - လျန်ပိယာ/ အနောက်အရပ် အစောင့်အရှောက်စစ်နတ်ဘုရား
အသက် - နှစ်သုံးသန်း [လူ့ပြည်နှစ်ကာလဖြင့်]
အရပ် - ၁၇၄စင်တီမီတာ
Gender - Female
×××××××××××
စစ်နန်မြို့မှဖြစ်ရပ်သည် မိစ္ဆာဘုရင်၏အမျက်ဒေါသကိုမှ နှိုးဆွမိခဲ့သည်။ မိစ္ဆာဘုရင်သည် ကောင်းကင်ဘုံ၏စည်းကျော်မှုကို ပြန်လည်တုန့်ပြန်ရန် စစ်နန်မြို့တစ်မြို့လုံးကို မိစ္ဆာဘုံဂိတ်တံခါးအဖြစ် နေ့ချင်းညချင်း ပြောင်းလဲပစ်လိုက်၏။ ထိုဖြစ်စဉ်ကြောင့် လောက၃ပါးမဟာစစ်ပွဲ စတင်ခဲ့သည်။
အရပ်၄မျက်နှာအစောင့်အရှောက် စစ်နတ်ဘုရားများ၊ အဆင့်မြင့်စစ်နတ်ဘုရားများ၊ ဒြပ်စင်၅မျိုးနတ်ဘုရားများ၊ သားရဲနတ်ဘုရားများနှင့် တိုက်ရည်ခိုက်ရည်ပြည့်ဝသော နတ်ဘုရားများက ရှေ့တန်းမှတိုက်ခိုက်ရသည်။ ရေနတ်ဘုရား၊ မြေနတ်ဘုရား၊ လေနတ်ဘုရားနှင့် မီးနတ်ဘုရားတို့က ပြုပြင်ထိန်းသိမ်းရေး၊ သတင်းဖလှယ်ခြင်း၊ အထောက်အပံ့နှင့် လိုအပ်သောနေရာများတွင် ဝင်ရောက်တိုက်ခိုက်ရန် တာဝန်ယူရသည်။ ကြယ်တာရာနှင့်ပတ်သတ်သောနတ်များက ကြယ်တာရာများထံမှ အဆုံးမဲ့သောစွမ်းအင်ကိုအသုံးပြုကာ ကောင်းကင်ဘုံမှနတ်ဘုရားများကို အားဖြည့်ပေးရသည်။
(Note: ဒြပ်စင်၅မျိုးနတ်ဘုရားတွေနဲ့ ရေ၊လေ၊မြေ၊မီး နတ်ဘုရားတွေမတူပါဘူး။ ဒြပ်စင်၅မျိုးနတ်ဘုရားတွေက တိုက်ရည်ခိုက်ရည်ရှိတယ်။ ရေ၊လေ၊မြေ၊မီးနတ်ဘုရားတွေက လူ့ပြည်က ရေနတ်အရှင်တွေ၊လေနတ်အရှင်တွေ၊ မြေနတ်အရှင်တွေ၊ မီးနတ်အရှင်တွေရဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်။ အဓိကစွမ်းအားက သတင်းအစုံသိကြတာပါ။)
BẠN ĐANG ĐỌC
THE PROMISE OF A THOUSAND WISTERIA
Viễn tưởngUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...
