Unicode Version
လွန်ခဲ့သည့် နာရီအနည်းငယ်ကဖြစ်၏။
အသက်မဲ့နေသော ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်၏ ရုပ်ခန္ဓာသည် ရေအောက်၌ သနားဖွယ်ကောင်းစွာ လက်စဖျောက်ခံထားရသည်။ နာရီအနည်းငယ်ကြာပြီးနောက် ကျန်းနန်မြစ်ထဲမှ ငါးအချို့က စွန့်ပစ်အလောင်းကို စားသောက်ရန် ကူးခတ်လာကြ၏။ ထို့နောက် အနီးပတ်ချလည်တွင် ကူးခတ်နေကြပြန်သည်။ ထိုစဉ် အသက်မဲ့နေသောအလောင်းကောင်ကြီးက ရုတ်တရက် မျက်တောင်ခတ်လိုက်၏။ ငါးများ လန့်ဖျပ်ကာ ထွက်ပြေးကုန်ကြသည်။ ထို့နောက် ပါးစပ်ထဲမှ လေပူဖောင်းတချို့ မှုတ်ထုတ်နေပြန်သည်။ ထိုခြောက်ခြားဖွယ် အစိမ်းသေအလောင်းကောင်ကြီးမှာ ရွှယ်ရှင်းလော့ ဖြစ်လေသည်။
ရွှယ်ရှင်းလော့က ထိုအခြေအနေမှရုန်းမထွက်သေးဘဲ တွေးလိုက်၏။
"တော်လောက်ပြီထင်တယ်။ ဘာတွေဖြစ်နေကြလဲ လိုက်ကြည့်ဦးမှပါ"
ရွှယ်ရှင်းလော့သည် ကုန်းမြေပေါ်ပြန်ရောက်ပြီးနောက် ရေစိုသွားသောအဝတ်အစားများကို ရေညှစ်သည်။ ဒဏ်ရာက အရာမကျန်အောင် ပျောက်သွားပြီဆိုသော်လည်း အဝတ်အစားများတွင် သွေးစွန်းနေဆဲဖြစ်၏။
ရွှယ်ရှင်းလော့က ကိုယ့်ရင်ဘတ်ကိုယ်ငုံ့ကြည့်ရင်း ရေရွတ်နေသည်။
"နတ်ဘုရားလည်း အသားနာတတ်တယ်ကွ။ သာမာန်ဓားမို့လို့ သည်းခံလိုက်တာ။ မှော်ဓားနဲ့ဆိုရင် လုံးဝအထိုးမခံဘူး"
ရွှယ်ရှင်းလော့သည် အလုပ်ရှုပ်မခံဘဲ ရေထဲသို့ပစ်ချသွားသော အလောင်းဖျောက်သူကို ကြံကြံဖန်ဖန် ကျေးဇူးတင်မိသေးသည်။ မြေကြီးတူးကာမြှုပ်သွားပါက ယခုအနေအထားထပ်ပို၍ ညစ်ပေစုတ်ပဲ့နေမည်ဖြစ်၏။
ရွှယ်ရှင်းလော့ ကိုယ့်ကိုယ်ကိုယ်စကားပြောရင်း တွေးဆနေ၏။
"အခုလောက်ဆိုရင် ရွှမ်မင်လည်း ငါသေသွားတဲ့အကြောင်း သိလောက်ပြီ။ သူဝမ်းနည်းသွားမလား။ ယုံပါ့မလား"
ရွှယ်ရှင်းလော့ ငိုင်သွားကာ ဆက်ပြောမိ၏။
"သေချင်ယောင်ဆောင်လက်စနဲ့ ခြေရာဖျောက်လိုက်ရင်ကောင်းမလား။ အချိန်ကြာလာရင် သူလည်း ငါ့ကိုမေ့သွားမှာပါ"
VOCÊ ESTÁ LENDO
THE PROMISE OF A THOUSAND WISTERIA
FantasiaUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...
