အပိုင်း ၁၅ |Unicode+Zawgyi|

71 9 13
                                        

Unicode Version

တောင်အရပ်ကိုစောင့်ရှောက်သော စစ်နတ်ဘုရားက သည်းမခံနိုင်တော့ဘဲ စိတ်ထဲရှိရာထုတ်ပြောသည်။

"မိစ္ဆာဘုရင်တွေ ဒီလောက်အင်အားကြီးကြရင် အရင်တည်းက ဘာလို့မကျူးကျော်ကြတာလဲ"

"ဘာလို့လဲဆိုတော့ သူက မိစ္ဆာဘုရင်မျိုးနွယ်အစစ် မဟုတ်လို့ပေါ့"

ထိုမေးခွန်းအတွက် ရှင်းဟူ၏အဖြေကြောင့် စစ်နတ်ဘုရားများ အံ့အားသင့်ရပြန်သည်။ 

လျန်ပိယာက ထ အော်သည်။ 

"မိစ္ဆာဘုရင်အတုကြီးပေါ့။ အစစ်က ဘယ်မှာလဲ"

ကျန်သောစစ်နတ်ဘုရား ၃ ပါးကလည်း ထင်ရာမြင်ရာ ကောက်ချက်ဆွဲကြပြန်သည်။ 

"မိစ္ဆာဘုရင်ကို ချရမှာလား။ ဒီဘီလူးကောင်ကြီးကို ချရမှာလား"

မြောက်အရပ်စောင့်စစ်နတ်ဘုရားကို အရှေ့အရပ်စောင့်စစ်နတ်ဘုရားက ပြန်ငြင်းသည်။ 

"အဲဒီ့ဘီလူးကောင်ကြီးက မိစ္ဆာဘုရင်လေ"

တောင်အရပ်စောင့်စစ်နတ်ဘုရားကလည်း အားကျမခံဝင်ပြောသည်။

"သူကဘယ်သူဖြစ်ဖြစ် အရေးမကြီးပါဘူး။ ငါတော့ နိုင်ချင်တာပဲသိတယ်ကွာ"

တစ်ယောက်တစ်ပေါက်ပြောချင်ရင် ထုတ်ပြောနေသောကြောင့် ရှင်းဟူက ရှိုးလော့ဖုန်းယွီ မကြားနိုင်အောင် တိုးတိုးပြောရန် သတိပေးရသည်။

မိစ္ဆာဓားသည် စစ်မြေပြင်အနှံ့ပျံသန်းကာ တိုက်စစ်ဆင်ရန် ချောင်းမြောင်းနေသောကြောင့် စစ်နတ်ဘုရားများ သတိမလွတ်ဝံ့ကြပေ။

ရှင်းဟူက မိစ္ဆာဘုရင်ရှိုးလော့ဖုန်းယွီ၏ သရုပ်မှန်ကို ဤသို့ရှင်းပြ၏။ 

မိစ္ဆာဓားသည် မိစ္ဆာဘုရင်များသာ ကိုင်ဆောင်သည့်ဓားဖြစ်ရာ ရှိုးလော့ဖုန်းယွီသည် လက်ရှိမိစ္ဆာဘုရင်ဖြစ်သည်ကိုတော့ ငြင်းမရပေ။ 

မိစ္ဆာဘုံ၌ မိစ္ဆာဘုရင်မျိုးနွယ်သည် အုပ်ချုပ်မှုစွမ်းရည်ထူးချွန်သောကြောင့် မိစ္ဆာဘုရင်အဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ မိစ္ဆာဘုရင်မျိုးနွယ်တွင် ရှောင်လွှဲမရနိုင်သော ကျိန်စာဆိုးတစ်ခုလည်း ရှိနေသေးသည်။ ထိုကျိန်စာကို မိစ္ဆာဓား၏အပေးအယူဟုလည်း ခေါ်ကြသည်။ မိစ္ဆာဘုရင်များသည် ကံကုန်ရန် ရက်၁၀၀အလို၌ မိစ္ဆာဓားထံတွင် ယဇ်ပူဇော်ခံကြရ၏။ ဤသည်မှာ မိစ္ဆာဓားကိုအသုံးပြုခြင်း၏ အဖိုးအခဖြစ်ပြီး မိစ္ဆာဓားအင်အားကြီးနေရခြင်း အကြောင်းအရင်းလည်းဖြစ်သည်။ 

THE PROMISE OF A THOUSAND WISTERIAМесто, где живут истории. Откройте их для себя