အပိုင်း ၂၀ |Unicode+Zawgyi|

72 9 7
                                    

Unicode Version

မနက်မိုးလင်းမှ ရွှမ်မင်နှင့် ရှင်းလော့ အိမ်ပြန်လာကြ၏။ အိမ်ထဲရောက်သည်နှင့် ပျင်းရိကာထိုင်နေသော ပိုင်ကျိုးရွှေကို တွေ့လိုက်ရသည်။ ပျင်းရိနေသောပိုင်ကျိုးရွှေသည် ရွှမ်မင်နှင့်ရှင်းလော့ကိုမြင်သည်နှင့် အံ့အားသင့်ကာ မျက်လုံးပြူးသွား၏။ လွန်ခဲ့သည့်ညက နှစ်ယောက်လုံးအိမ်ပြန်မလာကြဘဲ အိမ်ပြန်ရောက်လာချိန်၌ တစ်ယောက်က မျက်လုံးများမို့အစ်နေပြီး ကျန်တစ်ယောက် နှုတ်ခမ်းပေါ်တွင် ဒဏ်ရာတစ်ခုရှိနေသည်။ 

တစ်ထွာပြလျှင် တစ်မိုင်လောက်ကြိုမြင်သော ပိုင်ကျိုးရွှေက ဘာမှစုံစမ်းမေးမြန်းခြင်းမပြုဘဲ ပုံမှန်အတိုင်းသာနေ၏။ ပိုင်ကျိုးရွှေအကြောင်းကို နောကျေနေသော ရှင်းလော့သည် ပိုင်ကျိုးရွှေ၏တုန့်ပြန်​ပုံကြောင့် ပိုပြီးမျက်နှာပူနေရလေသည်။ လိပ်ပြာလုံသောရွှမ်မင်ကတော့ အမူအရာမပျက်ပါ။ 

ထိုစဉ် လျန်ပိယာရောက်ချလာ၏။ လျန်ပိယာက ပိုင်ကျိုးရွှေကဲ့​သို့ အရိပ်အကဲသိသူမဟုတ်ပါ။ ရှင်းလော့နှင့် ရွှမ်မင်ကိုမြင်သည်နှင့် မေးခွန်းထုတ်တော့သည်။ 

"ရန်ဖြစ်ထားကြတာလား" 

ရွှမ်မင်က ခေါင်းခါပြီး ရှင်းလော့က ခေါင်းညိတ်သောကြောင့် အပေးအယူမတည့် ဖြစ်သွားရပြန်သည်။ ပိုင်ကျိုးရွှေက မှင်သေသေမျက်နှာထားလုပ်ကာ မျက်နှာလွှဲပြီး မသိချင်ယောင်ဆောင်နေသည်။ 

ရှင်းလော့က ရှင်းပြ၏။

"အခန့်မသင့်တာရှိလို့ စကားများတာပါ"

"မိစ္ဆာဘုရင်က ဘယ်အချိန် အိမ်ရှေ့ရောက်လာမလဲ မသိနိုင်တဲ့အချိန်မှာ မင်းတို့က ရန်ဖြစ်နိုင်ကြသေးတယ်"

လျန်ပိယာက ပိုင်ကျိုးရွှေကဲ့သို့ စစ်စစ်ပေါက်ပေါက် မမေးတတ်သောကြောင့်သာ ရှင်းလော့ ချမ်းသာရာရသွား၏။ 

လျန်ပိယာက ပိုင်ကျိုးရွှေကိုခေါ်ပြီး ပြန်ထွက်သွား၏။ ရွှမ်မင်နှင့်ရှင်းလော့ ၂ယောက်တည်း ကျန်ခဲ့ပြန်လေပြီ။

ရှင်းလော့သည် မိစ္ဆာဘုရင်နှင့်ပတ်သတ်သည့် ကျမ်းစာများကိုဖတ်ရင်း မိစ္ဆာဘုရင်၏အားနည်းချက်ကို ရှာဖွေကြည့်သည်။ မိစ္ဆာဘုရင်ကို ရှားယဲ့ဓားဖြင့်သာ နှိမ်နင်းနိုင်မည်ဆိုသည့် အချက်အလက်မျိုးမရှိပါ။ မှော်စွမ်းအားကြီးသည့် လက်နက်တစ်မျိုး လိုအပ်သည်ဟုသာ ဖော်ပြထားသည်။ ထို့ကြောင့် မျှော်လင့်ချက်ရောင်ခြည် သမ်းလာ၏။ 

THE PROMISE OF A THOUSAND WISTERIADove le storie prendono vita. Scoprilo ora