Unicode Version
ရက်သတ္တပတ်တစ်ခုကျော်လွန်ပြီးနောက် ရွှမ်မင်၏ ထောက်လှမ်းရေးယန္တရားများလည်း ကုန်သလောက်ရှိနေပြီဖြစ်၏။ လျန်ပိယာကလည်း မကုန်မချင်းဖျက်ဆီးပစ်မည့် သဘောထားရှိနေသည်။
ရှောင်ပြေးရင်း တစ်နေရာအရောက်တွင် ရွှမ်မင်သည် လျန်ပိယာကို ပြန်လည်ရင်ဆိုင်ရန် လှည့်လိုက်သည်။ လျန်ပိယာက ပို၍တက်ကြွလာ၏။ ရွှမ်မင်သည် တိုက်ခိုက်ရန် ဟန်ပြပြင်ဆင်သော်လည်း တကယ်တမ်းတော့ မတိုက်ခိုက်ပါ။
သတ္တုဒြပ်စင်ချေဖျက်ခြင်းမှော်အစွမ်းဖြင့် လက်စဖျောက်ထားသော ထောက်လှမ်းရေးယန္တရား၅ခုကို သတ္တုဒြပ်စင်အဖြစ်ပြန်ပြောင်းပြီး လျန်ပိယာထံ လှမ်းပစ်လိုက်သည်။ လျန်ပိယာက ထုံးစံအတိုင်းပင် မှော်စွမ်းအင်အများအပြားပေးကာ ဖျက်ဆီးပစ်လေသည်။ ထိုအချိန်၌ ပေါက်ကွဲသွားသော ထောက်လှမ်းရေးယန္တရားများထဲမှ ပျံ့လွင့်ထွက်လာသည့် ဖုန်မှုန့်သဲမှုန့်များသည် လျန်ပိယာပတ်ဝန်းကျင်တွင် ထောင်းထောင်းထသွား၏။
ရွှမ်မင်က ထိုအခြေအနေကို အခွင့်ကောင်းယူကာ လျန်ပိယာလက်ထဲမှ သစ်သားချောင်းကို လုယူရန်ကြိုးစားသည်။ ပေါက်ကွဲမှုနှင့် ဖုန်မှုန့်သဲမှုန့်က စစ်နတ်ဘုရားကို အာရုံလွှဲရန်မလုံလောက်ခဲ့ပါ။ လျန်ပိယာ လှမ်းပစ်လိုက်သည့် သစ်သားချောင်းကို တိုက်ရိုက်လက်ခံလိုက်ရသောကြောင့် လွင့်ထွက်သွားကာ ပြန်ထရန် အားယူနေရ၏။
လျန်ပိယာက လှမ်းပြောသည်။
"အားနည်းချက်ကို အားသာချက်ပြောင်းလိုက်တယ်ပေါ့။ မဆိုးပါဘူး ဟား ဟား ဟား"
ရွှမ်မင်သည် လျန်ပိယာနှင့် နေ့စဉ် လေ့ကျင့်သောကြောင့် တည်ငြိမ်ခြင်းဒုတိယအဆင့်သို့ အလျင်အမြန်ရောက်လာသည်။ ထောက်လှမ်းရေးယန္တရားများ မပါလျှင်လည်း တိုက်ကွက်များကို ခန့်မှန်းနိုင်လာ၏။ ရေနတ်ဘုရားပိုင်ကျိုးရွှေက ရွှမ်မင်၏ယန္တရားများကို စိတ်ဝင်စားသည်။ ပိုင်ကျိုးရွှေ၏အကြံပေးမှုဖြင့် ရွှမ်မင်သည် ထောက်လှမ်းရေးယန္တရားများကို ပုံစံအသစ်ပြင်ဆင်ခဲ့သည်။
ESTÁS LEYENDO
THE PROMISE OF A THOUSAND WISTERIA
FantasíaUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...