Unicode Version
လောက ၃ ပါးနယ်ခြားစည်းကို ဖြတ်သန်းလာသော ဓားတစ်လက်သည် ရှိုးလော့ဖုန်းယွီအနီးမှ မိစ္ဆာဆိုးများကို တစ်ကောင်ပြီးတစ်ကောင် သုတ်သင်လိုက်ပြီးနောက် လူတစ်ယောက်အဖြစ်ပြောင်းသွားသည်။
ရွှမ်မင်သည် ရှင်းလော့အတွက် စိတ်ချရအောင် စီစဉ်ခဲ့ပြီးနောက် ရှိုးလော့ဖုန်းယွီကိုကူညီရန် လိုက်လာခြင်းဖြစ်၏။
ရှိုးလော့ဖုန်းယွီက ဒဏ်ရာများကို သည်းခံကာ ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း "ငါအရှင်ကို ပစ်မထားရက်လို့ လာကယ်တာလား"ဟု လှမ်းမေး၏။
ရွှမ်မင်က ရှိုးလော့ဖုန်းယွီကို လှည့်မကြည့်ဘဲ ပြတ်သားစွာပြန်ဖြေသည်။
"လျှောက်မတွေးနဲ့။ ကျုပ်က ကျေးဇူးဆပ်ဖို့လာတာ"
ရှိုးလော့ဖုန်းယွီက ရွှမ်မင်ဘေးတွင်လာရပ်ရင်း ခပ်ဟဟရယ်ကာ ပြောလိုက်၏။
"ဟား ဟား ဟား..ဟန်ဆောင်နေစရာမလိုပါဘူး။ မင်းအခက်မတွေ့အောင် ငါအရှင်ဘက်က အရင်ဆုံးကမ်းလှမ်းပေးမယ်။ ဘယ်လိုလဲ.. ငါအရှင်ရဲ့ဓားလုပ်မလား"
ရွှမ်မင်က ရှိုးလော့ဖုန်းယွီကို လှည့်တောင်မကြည့်ဘဲ "မလုပ်ချင်ဘူး"ဟု ပြတ်သားစွာဖြေလိုက်၏။
ရှိုးလော့ဖုန်းယွီက "ဘာဖြစ်လို့လဲ"ဟုမေးသည်။
ရွှမ်မင်သည် ရှိုးလော့ဖုန်းယွီအပေါ် မကျေနပ်သောအချက်များကို တစ်ခုမကျန် စဉ်းစားထားပြီးသားဖြစ်သည်။ သခင်ရှင်းဟူ၏ခန္ဓာကိုယ်ကို အပိုင်စီးထားသောကြောင့် မုန်းသည်။ လူသားရွှမ်မင်ဘဝက ရှိုးလော့ဖုန်းယွီလက်ချက်ဖြင့် သေခဲ့ရသည်ကိုလည်း မမေ့သေးချေ။ ရှင်းဟူ၏ခန္ဓာကိုယ်ကို အသုံးချကာ ရှားယဲ့ဓားကို အတင်းအကြပ် အသုံးပြုသောကြောင့်လည်း မကျေနပ်ပါ။ ရှင်းလော့ကို အကြိမ်ကြိမ်ဒဏ်ရာရအောင် လုပ်သောကြောင့်လည်း အခဲမကျေပေ။ ယခုအချိန်၌တောင် မိမိကို အပိုင်သိမ်းချင်နေသောအကြည့်ဖြင့် ကြည့်သောကြောင့်လည်း ရှိုးလော့ဖုန်းယွီ၏မျက်နှာပေါ်သို့ လက်သီးတစ်လုံး ကျွေးချင်နေပြီဖြစ်၏။ သို့သော်လည်း အန္တရာယ်ကြားထဲ ရောက်နေသောကြောင့် တစ်ချက်ချင်းစီ စာရင်းရှင်းနေဖို့ အခြေအနေမပေးချေ။
ESTÁS LEYENDO
THE PROMISE OF A THOUSAND WISTERIA
FantasíaUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...