Unicode Version
ရှင်းလော့တွင် ရွှမ်မင်ကို ပြောစရာစကားများ များလွန်းနေသောကြောင့် စကားလုံးရှာမရဘဲဖြစ်နေ၏။
ရှားယဲ့က ရှင်းလော့ကို မေးသည်။
"သခင်ရှင်းလော့..မိစ္ဆာဘုံကို ဘာလာလုပ်နေတာလဲ။ သခင့်ကို မိစ္ဆာဘုရင်ဖမ်းမိသွားလိမ့်မယ်"
ရှင်းလော့က မိစ္ဆာနှိမ်နင်းဓားကို လှည့်ကြည့်ကာ ပြန်ဖြေလိုက်၏။
"ငါ..လေ့ကျင့်ဖို့ရောက်လာတာ"
ရှင်းလော့က ရွှမ်မင်ကို ပြန်ကြည့်လိုက်ချိန်၌ ရွှမ်မင်သည် မိစ္ဆာနှိမ်နင်းဓားကို ရိုက်ချိုးတော့မလိုအကြည့်ဖြင့် မျက်စိမလွှဲတမ်း ကြည့်နေသောကြောင့် ရှင်းလော့ ကျက်သီးထမိ၏။
"သခင်ရှင်းလော့က..ဓားအသစ်တောင် ရှာပြီးပြီပေါ့"ဟု ဒဲ့တိုးမေးလိုက်သောကြောင့် ရှင်းလော့ ပြန်ဖြေရခက်သွားသည်။
ရှားယဲ့၏ ခံစားချက်ကိုဖုံးကွယ်သော အရည်အချင်းက ရွှမ်မင်ထပ်တောင် ပိုပြီးညံ့ဖျင်းနေသည်။ ရှားယဲ့ထံမှ အရှိန်အဝါများက တဖြည်းဖြည်း ဖိအားပြင်းလာသောကြောင့် ရှင်းလော့လည်း ပျာယာခတ်သွားကာရှင်းပြရသည်။
"မဟုတ်ပါဘူး..အဲဒီ့ဓားနဲ့ သွေးကတိ မချည်နှောင်ရသေးဘူး။ မင်းကလွဲရင် ဘယ်ဓားနဲ့မှ မချည်နှောင်ဘူးလို့ ဆုံးဖြတ်ထားပြီးသားပါ"
ရှားယဲ့က မိစ္ဆာနှိမ်နင်းဓားကို လျစ်လျူရှူလိုက်ပြီး ရှင်းလော့ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် "သခင်ရှင်းလော့ပြောတာဆိုရင် ယုံပါတယ်"ဟု ပြော၏။
ရှားယဲ့က ရှင်းလော့၏လက်ကို ကိုင်ဆွဲလိုက်သည်။
"အခွင့်အရေးရတုန်း ကျွန်တော်နဲ့ သွေးကတိချည်နှောင်ထားရအောင်"
ရှားယဲ့သည် မိစ္ဆာဘုရင်ရှိုးလော့ဖုန်းယွီနှင့် သွေးကတိချည်နှောင်ခဲ့သည်ဟူသောသတင်းသည် ကောင်းကင်ဘုံသို့ ရောက်နှင့်ပြီးသားဖြစ်သည်။ သခင်တစ်ယောက်သည် လက်နက်တစ်မျိုးထပ်ပို၍ ကိုင်ဆောင်နိုင်သော်လည်း လက်နက်တစ်ခုက သခင်တစ်ယောက်ထပ်ပိုပြီး သစ္စာခံခွင့်မရှိပါ။ ထို့ကြောင့် ရှင်းလော့က ငြင်းသည်။
BẠN ĐANG ĐỌC
THE PROMISE OF A THOUSAND WISTERIA
Viễn tưởngUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...