အပိုင်း ၁၄ |Unicode+Zawgyi|

79 9 2
                                        

Unicode Version

ရှင်းဟူနှင့် စစ်နတ်ဘုရားများသည် မိစ္ဆာတပ်မှူးများကို ပစ်မှတ်ထားတိုက်ခိုက်ရန် တစ်ပြိုင်နက်တည်း ထွက်ခွာလာကြသည်။ ထိုအချိန်၌ မိစ္ဆာဘုရင်သည်လည်း စစ်နတ်ဘုရားရှင်းဟူကိုရှာရန် ထွက်လာနေပြီဖြစ်၏။

မကြာမီ စစ်နတ်ဘုရားများသည် မိစ္ဆာတပ်မှူးများနှင့် ထိပ်တိုက်တွေ့မိကြသည်။ အနောက်အရပ်ကိုစောင့်ရှောက်သည့် စစ်နတ်ဘုရားမလျန်ပိယာက ရေ၊မြေတို့၏ ပျက်သုဉ်းခြင်းနတ်မိစ္ဆာနှင့် ရင်ဆိုင်တွေ့၏။ လျန်ပိယာသည် စစ်နတ်ဘုရားများအနက် ဖျက်စီးတတ်သောဗီဇ အများဆုံးရှိသည့်နတ်ဘုရားဖြစ်ကာ ပျက်သုဉ်းခြင်းနတ်မိစ္ဆာသည်လည်း ဖျက်လို့ဖျက်ဆီးလုပ်ရန် ဝါသနာထုံသောမိစ္ဆာ​ဖြစ်သည်။ ထိုတိုက်ပွဲကြောင့် အပျက်အစီးများစွာ ကျန်ရစ်မည်ကိုတော့ သံသယဖြစ်စရာမလိုပါ။

အရှေ့အရပ်ကိုစောင့်ရှောက်သောစစ်နတ်ဘုရားသည် လှည့်စား​​ခြင်း၏အိပ်မက်နတ်မိစ္ဆာနှင့် ရင်ဆိုင်ရန်ထွက်သွားသည်။ အိပ်မက်နတ်မိစ္ဆာသည် မိစ္ဆာတပ်မှူးများအနက် ရန်လိုမှုအနည်းဆုံးဖြစ်၏။ အိပ်မက်နတ်မိစ္ဆာသည် ယောကျာ်းလား မိန်းမလား မည်သူမှတပ်အပ်မပြောနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အိပ်မက်နတ်မိစ္ဆာသည် သားကောင်၏ရမ္မက်ဆန္ဒကို လှုံ့ဆော်ရန် အလိုက်သင့်ပုံ သဏ္ဍာန်ပြောင်းလဲသောကြောင့်ဖြစ်၏။ သားကောင်က မိန်းကလေးဆိုလျှင် ခန့်ညားသော အမျိုးသားတစ်ယောက်အဖြစ် မြင်ရမည်ဖြစ်သည်။ အကယ်၍ ယောကျာ်းလေးတစ်ယောက်ဆိုလျှင် မိန်းမလှလေးတစ်ယောက်၏ မာယာကျော့ကွင်းထဲ သက်ဆင်းရမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အိပ်မက်နတ်မိစ္ဆာက သားကောင်ကို ဤသို့ ဖမ်းစားတတ်သည်။ ထို့ကြောင့် အရပ်၄မျက်နှာ စစ်နတ်ဘုရားများထဲတွင် သမာဓိအခိုင်ဆုံး အရှေ့အရပ်စောင့်စစ်နတ်ဘုရားကို အိပ်မက်နတ်မိစ္ဆာနှင့်ရင်ဆိုင်ရန် တာဝန်ပေးခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင်ကား အိပ်မက်နတ်မိစ္ဆာသည် လောက၃ပါးမဟာစစ်ပွဲ မစတင်မီအချိန်တည်းက မိစ္ဆာဘုရင်ရှိုးလော့ဖုန်းယွီလက်ချက်ဖြင့် ထာဝရအိပ်စက်သွားရပြီဖြစ်ကြောင်း နတ်ဘုရားများ မသိခဲ့ကြပါ။ အိပ်မက်နတ်မိစ္ဆာက မိစ္ဆာဘုရင်ကိုမှ စိတ်ကစားကာ အပိုင်ကြံမိသောကြောင့်ဖြစ်လေသည်။

THE PROMISE OF A THOUSAND WISTERIAМесто, где живут истории. Откройте их для себя