Unicode Version
ရွှမ်မင်သည် မိုးကြိုးသွားမှော်လက်နက်ကိုတားရန် ဆုံးဖြတ်လိုက်သည့်အချိန်တည်းက အသက်ပေးရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ရှင်းလော့က မှော်လက်နက်ဝိညာဉ်ကို ကိုင်လိုက်သည့်အချိန်၌ သေစေနိုင်သောဒဏ်ရာအားလုံး ပြန်ကောင်းသွားသောကြောင့် ရွှမ်မင်လည်း အံ့အားသင့်နေသည်။ မူးမော်ရုံနှင့် အဆင်ပြေသွားမည်ဟု ဘယ်တုန်းကမှမတွေးမိခဲ့ချေ။
ရွှမ်မင် အဆင်ပြေကြောင်း သိလိုက်သည်နှင့်တစ်ပြိုင်နက် ရှင်းလော့သည် မိုးနတ်မိစ္ဆာကိုလိုက်ဖမ်းရန် ပြင်၏။ သို့သော် ရွှမ်မင်က လက်ကိုဖမ်းဆွဲထားသောကြောင့် ရှင်းလော့ ထွက်မသွားနိုင်တော့ချေ။ ရွှမ်မင်က ရှင်းလော့ကို နောက်တစ်ကြိမ် ဖက်လိုက်ပြန်၏။
"ရှင်းလော့ မင်း အသက်ရှင်နေလို့ တော်သေးတယ်"
ရှင်းလော့ မရုန်းမိပါ။
ရှင်းလော့က ပြန်မေး၏။
"စိတ်မဆိုးဘူးလား..ကျွန်တော်က အများကြီးလိမ်ထားတာလေ"
"နတ်ဘုရားဖြစ်နေလို့ တော်သေးတယ်။ မင်းသာ လူသားတစ်ယောက်ဖြစ်နေရင် တကယ်သေသွားမှာ မဟုတ်လား။ မင်းကို မဆုံးရှုံးချင်ဘူး"ဟု ရွှမ်မင်က ပြောလေသည်။
ရှင်းလော့၏နှလုံးသားသည် အပြစ်ရှိသောခံစားချက်ကြောင့် မွမ်းကြပ်လာရသည်။
ရှင်းလော့ ရွှမ်မင်နှင့်လူချင်းခွာရင်း ရှက်ယမ်းယမ်းကာ မေးသည်။
"ဘာဖြစ်လို့ ထူးထူးဆန်းဆန်းတွေပြောနေတာလဲ။ ဦးနှောက်ထိသွားတာလား"
ရွှမ်မင်က ပြန်ဖြေသည်။
"ငါလည်း ဒီတစ်ခေါက်တော့ တကယ်သေပြီထင်နေတာ။ အခုတော့ ဘာမှမဖြစ်တဲ့အပြင် အရင်ကထပ် မှော်အစွမ်းတွေ အားပြည့်လာတယ်လို့ ခံစားရတယ်"
ရှင်းလော့လည်း အဖြေထုတ်ရန် ကြိုးစားကြည့်သည်။
"ဘယ်လိုပြန်ကောင်းသွားလဲဆိုတာ မမှတ်မိဘူးလား"
ရွှမ်မင်က အဖြေမသိကြောင်း ခေါင်းခါပြသည်။
ထို့နောက် အနီးစပ်ဆုံး အဖြေကိုပြော၏။
"မှော်လက်နက်ဝိညာဉ်ဓားကို မင်းကိုင်လိုက်တဲ့အချိန်မှာ သေလောက်တဲ့ဒဏ်ရာတွေ အကုန်သက်သာသွားတယ်။ နတ်ဘုရားအစွမ်းသုံးပြီး ကယ်ပေးလိုက်တာလား"
ESTÁS LEYENDO
THE PROMISE OF A THOUSAND WISTERIA
FantasíaUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...
