Unicode Version
သူတစ်ပြန်ကိုယ်တစ်ပြန် ခုခံရင်းတိုက်ခိုက်ရင်း လောက၃ပါးနယ်ခြားစည်းတည်ရှိရာနယ်မြေတွင် မိုးကြိုးလျှပ်စီးနှင့် နတ်စွမ်းအင်အရှိန်အဝါများ ဗြောင်းဆန်နေ၏။ အတန်ကြာတိုက်ခိုက်ပြီးချိန်တွင် ရှင်းလော့နှင့် ရှိုးလော့ဖုန်းယွီ နှစ်ယောက်စလုံး ဒဏ်ရာရကာ သွေးအန်နေကြပြီဖြစ်သည်။
ရှင်းလော့သည် သင့်တော်သောလက်နက်တစ်ခုရပြီးချိန်တွင် စစ်နတ်ဘုရားရှင်းဟူထပ်မညံ့ဟု ရှိုးလော့ဖုန်းယွီ လက်ခံမိသွား၏။ ရွှမ်မင်ဓားသည် လူအဖြစ်ပြန်ပြောင်းသွားကာ ရှင်းလော့၏ဒဏ်ရာများကို သူ၏စွမ်းအင်ဖြင့် ပြန်လည်ကုသပေးသည်။ ရှားယဲ့ဓားသည် သခင်ကို ပြန်လည်ကုသနိုင်စွမ်းအားနည်းသော်လည်း ရွှမ်မင်ဓားသည် သူ၏ကိုယ်ပိုင်မှော်စွမ်းအင်ဖြင့် သခင်ကို အားဖြည့်ပေးနိုင်သည့်အပြင် ကျစ်ထန်ပင်များ၏မှော်စွမ်းအင်ကို ငှားယူကာ ပြန်လည်ကုစားပေးနိုင်သေးသည်။ ထို့ကြောင့် ရွှမ်မင်ဓား၏ကိုင်ဆောင်သူသည် အလွယ်တကူ အားအင်ကုန်ခမ်းသွားမည်မဟုတ်ချေ။
ရှင်းလော့က ရွှမ်မင်ကိုတား၏။
"မလုပ်နဲ့။ ကျွန်တော် အဆင်ပြေတယ်"
ရွှမ်မင်က "ရှိုးလော့ဖုန်းယွီကို တိုက်ခိုက်ဖို့ပဲ အာရုံစိုက်ထား။ ကျန်တာစိတ်မပူနဲ့"ဟု အားပေးရင်း ရှင်းလော့ကို အားဖြည့်ပေးသည်။
အင်အားပြန်လည်ပြည့်သွားသော ရှင်းလော့သည် ရှိုးလော့ဖုန်းယွီနှင့် တစ်ဖန်ပြန်လည် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် ဒုတိယအချီတိုက်ပွဲ ထပ်မံဆင်နွှဲကြလေသည်။
ရှိုးလော့ဖုန်းယွီသည် ရှင်းဟူ၏ခန္ဓာကိုယ်ကို ပူးကပ်ထားသူဖြစ်ရာ မှော်စွမ်းအင်အများအပြားသုံးလေ သူ၏ခန္ဓာကိုယ်ကို ထိခိုက်လေဖြစ်၏။ ဓားဝိညာဉ်မရှိသော မှော်စွမ်းအင်ဓားကို ဖန်တီးထားခြင်းသည် ရှိုးလော့ဖုန်းယွီအတွက် အလွန်အန္တရာယ်များသော စွန့်စားမှုဖြစ်သည်။ ဒုတိယအချီတိုက်ခိုက်ကြပြီးနောက် ရှိုးလော့ဖုန်းယွီ၏ မျက်ဝန်းမှ သွေးများစီးကျလာ၏။ ထို့ကြောင့် မျက်လုံးနှစ်ဖက်ကို မှိတ်ထားလိုက်ရသည်။
ESTÁS LEYENDO
THE PROMISE OF A THOUSAND WISTERIA
FantasíaUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...