အပိုင်း ၃၁ |Unicode+Zawgyi|

62 6 9
                                        

Unicode Version

ဇာတ်ကောင်မိတ်ဆက် ၄

ရွှမ်မင် (Main Character)

အမည် - ရွှမ်မင်/ ဓားဘုရင်

အသက် - ၃နာရီ

အမျိုးအစား - Single-edged Tang Dao (110cm)

အရပ် - ၁၈၃စင်တီမီတာ

ကိုင်ဆောင်သူ - ရှင်းလော့

×××××××××××

မိစ္ဆာဘုံသို့ ပြန်ရောက်လာသောအခါ ရှိုးလော့ဖုန်းယွီသည် နယ်နိမိတ်အစပ်တွင် မိစ္ဆာစစ်သည်များနှင့် တိုက်ပွဲဖြစ်နေသော ရှင်းလော့ကို တွေ့လိုက်ရသည်။

ရှိုးလော့ဖုန်းယွီ ရောက်လာသောကြောင့် မိစ္ဆာစစ်သည်များသည် ရှင်းလော့ကို ဝိုင်းရုံသာဝိုင်းထားပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြ၏။

ရှင်းလော့သည် ရှိုးလော့ဖုန်းယွီနှင့်အတူပါလာသော ရှားယဲ့ကိုတွေ့သွားကာ "ရွှမ်မင်"ဟု ခပ်တိုးတိုးရေရွတ်သည်။ 

ရှိုးလော့ဖုန်းယွီက လက်ထဲမှ ရှားယဲ့ကို တစ်ချက်ငုံ့ကြည့်ကာ ဟက်ခနဲရယ်လိုက်ပြီးနောက် ရှင်းလော့ကိုမေးသည်။ 

"နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခုမေးမယ်။ မင်းမျက်လုံးထဲမှာ မြင်နေတဲ့လူက ရွှမ်မင်လား ရှားယဲ့လား" 

ရှိုးလော့ဖုန်းယွီ၏မေးခွန်းကို ရှင်းလော့ အဖြေမပေးနိုင်ပါ။ 

ရွှမ်မင်သည် ရှားယဲ့ဖြစ်ပြီး ရှားယဲ့သည် ရွှမ်မင်ဖြစ်သည်ဆိုသော်လည်း ဖြတ်သန်းခဲ့သောဘဝအ​ခြေအနေပေါ် မူတည်ပြီး အကျင့်စရိုက်နှင့် ခံစားချက်ချင်းကွာခြားကြ၏။ ရွှမ်မင်သည် ရှင်းလော့၊ လျန်ပိယာ၊ ပိုင်ကျိုးရွှေနှင့် တခြားသောလူများ၏ ယုံကြည်မှုကို ရရှိထားသူဖြစ်သော်လည်း ရှားယဲ့ကတော့ ထိုသို့မဟုတ်ခဲ့ပါ။ ယုတ်စွအဆုံး ရှင်းလော့ကိုယ်တိုင်တောင် ရှားယဲ့ကို အလုံးစုံ မယုံကြည်ပေ။ ထို့ကြောင့်လည်း ကောင်းကင်ဘုံတွင် နေထိုင်သည့်အခြေအနေကို ရှားယဲ့ကို မပြောပြခဲ့ခြင်းဖြစ်သည်။ 

ရှင်းလော့ ငေးငိုင်နေစဉ် ရှိုးလော့ဖုန်းယွီကပြော၏။ 

"ဒီခန္ဓာကိုယ်က ငါအရှင်ပိုင်ဆိုင်တဲ့ မှော်စွမ်းအင်တွေပဲ..မင်းနဲ့မဆိုင်ဘူး"

THE PROMISE OF A THOUSAND WISTERIADonde viven las historias. Descúbrelo ahora