အပိုင်း ၂၈ |Unicode+Zawgyi|

51 6 11
                                    

Unicode Version

တည်းခိုခန်းတွင် ရှိုးလော့ဖုန်းယွီတစ်ယောက်တည်း ကျန်ရစ်ခဲ့စဉ်ကဖြစ်သည်။ 

ရှားယဲ့သည် ယွဲ့နန်မြို့ထဲတွင် လမ်းသလားရန်ထွက်သွားပြီးနောက် တည်းခိုခန်းတွင် ရှိုးလော့ဖုန်းယွီတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ရှိုးလော့ဖုန်းယွီသည် အချိန်ရှိခိုက် လုံ့လဝီရိယစိုက်ထုတ်ကာ ကျင့်ကြံရန် အာရုံစူးစိုက်လိုက်သည်။ သို့သော်လည်း နေမြင့်နေပြီဖြစ်သောကြောင့် လမ်းပေါ်တွင် လူစည်ကားနေပြီ​ဖြစ်ရာ လူသံသူသံများ ကျွက်ကျွက်ညံနေ၏။ 

ရှိုးလော့ဖုန်းယွီသည် အပြင်ဘက်တွင် တစ်စုံတရာဖြစ်နေပြီအထင်နှင့် ပြတင်းပေါက်တံခါးကို လှစ်ဟကြည့်မိသည်။ ထိုအခိုက် ကြိတ်ကြိတ်တိုးစီကားနေသော ယွဲ့နန်မြို့ကို မြင်လိုက်ရသောအခါ ရှင်းဟူ၏အသွေးအသားများက မြို့ထဲသို့ လည်ပတ်ရန် အပြင်းအထန် တောင်းဆိုတော့သည်။ ရှိုးလော့ဖုန်းယွီသည် အစပိုင်း၌ အစွမ်းကုန်သည်းခံကာ လမ်းသလားချင်သောဆန္ဒကို မြိုသိပ်ထားခဲ့၏။ သို့သော်လည်း သည်းမခံနိုင်တော့သည့်အဆုံး စိတ်အလိုလိုက်ကာ ယွဲ့နန်မြို့ထဲသို့ လည်ပတ်ရန် ထွက်လာခဲ့မိသည်။ စည်ကားသောမြို့ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခံစားလိုက်ရချိန်၌ ရှင်းဟူ၏ဗီဇလား ရှိုးလော့ဖုန်းယွီ၏စိတ်ရင်းလား မသိလောက်အောင် တက်ကြွသွားတော့သည်။ 

မြို့ထဲသို့ ရှေ့မှထွက်သွားသောရှားယဲ့နှင့် ပြန်ဆုံသည့်အချိန်၌ ရှားယဲ့သည် ယွဲ့နန်ရဲမက်များလက်ထဲတွင် ဒုက္ခလှလှတွေ့နေသည်ကို တွေ့လိုက်ရသည်။ ရှိုးလော့ဖုန်းယွီသည် ရှားယဲ့ကို မကူညီဘဲ သူ့ထိုက်နှင့်သူ့ကံဟု သဘောထားကာ လွှတ်ထားချင်သည်။ သို့သော် ရှားယဲ့က ပြဿနာတက်ပြီးရင်းတက်နေသောကြောင့် လျစ်လျူရှုနေ၍မဖြစ်တော့ပါ။ 

ရှိုးလော့ဖုန်းယွီသည် သာမန်လူသားများကို အကြောင်းမဲ့သက်သက် ထိခိုက်အောင်လုပ်လိုသည့် ဆန္ဒလည်း မရှိချေ။ ခေတ္တထိုင်စဉ်းစားနေပြီးနောက် သိုင်းဝတ္ထုများနှင့်ပတ်သတ်သော မှတ်ဉာဏ်များထဲမှ တစ်ခုကို ငှားသုံးရန် ဆုံးဖြတ်လိုက်တော့သည်။ အစီအစဉ်က အောင်မြင်သွားခဲ့၏။ လူသားများကို အင်အားသုံးစရာလည်းမလို စကားရှည်ရှည်ဝေးဝေးပြောနေစရာလည်းမလိုပဲ အောင်မြင်စွာ တစ်ပတ်ရိုက်နိုင်ခဲ့သည်။ 

THE PROMISE OF A THOUSAND WISTERIAOpowieści tętniące życiem. Odkryj je teraz