Unicode Version
လွန်ခဲ့သော၂ရက်ကဖြစ်၏။
ရှိုးလော့ဖုန်းယွီ ကျင့်ကြံခြင်းကို ခေတ္တရပ်တန့်ကာ မျက်လုံးဖွင့်လိုက်ချိန်၌ နန်းဆောင်အပြင်ဘက်တွင် အသင့်စောင့်နေသည့် မိစ္ဆာစစ်သည်သည် မိစ္ဆာဘုရင်ရှေ့မှောက် အခစားဝင်သည်။
"ကျိန်စာသင့်ရှေးဟောင်းမိစ္ဆာရဲ့ အချုပ်အနှောင် အားနည်းလာနေပြီလို့ မိစ္ဆာဘုံအစောင့်အရှောက်တွေက သတိပေးထားပါတယ် မိစ္ဆာအရှင်"
ရှိုးလော့ဖုန်းယွီအတွက်တောင် ထိတ်လန့်စရာသတင်းဖြစ်သည်။
ရှိုးလော့ဖုန်းယွီ၏မှော်စွမ်းအင်များ လျော့နည်းနေချိန်ရောက်မှ တိုက်တိုက်ဆိုင်ဆိုင် ပြဿနာပေါ်လာခြင်းဖြစ်၏။ ကျိန်စာသင့်ရှေးဟောင်းမိစ္ဆာကြောင့် ရှေးဟောင်းမိစ္ဆာမျိုးနွယ်များ မျိုးသုဉ်းသွားခဲ့ပြီး မိစ္ဆာဘုံတစ်ခုလုံး အကြီးအကျယ် ဒုက္ခရောက်ကိန်းစိုက်မလိုဖြစ်ခဲ့သော ကာလများကို ပြန်အမှတ်ရမိသည်။ ကျိန်စာသင့်နေသည့် ရှေးဟောင်းမိစ္ဆာနှင့် ပတ်သတ်ပြီး ပေါ့ဆ၍မဖြစ်ပါ။
ရှိုးလော့ဖုန်းယွီက မိစ္ဆာစစ်သည်ကို အမိန့်ပေးလိုက်သည်။
"မိစ္ဆာဘုံအစောင့်အရှောက်တွေကို မိစ္ဆာမြို့တော်ပတ်လည်မှာ ကာကွယ်ရေးအစီအရင်တွေ ပြင်ဆင်ခိုင်းထားလိုက်။ ကျိန်စာသင့်မိစ္ဆာရဲ့ အချုပ်အနှောင်ကိုလည်း မျက်ချည်မပြတ် စောင့်ကြည့်ခိုင်းထား။ ငါအရှင်က ကျိန်စာသင့်ရှေးဟောင်းမိစ္ဆာကို စစ်ဆေးဖို့သွားမယ်"
ရှိုးလော့ဖုန်းယွီ၏ မှော်စွမ်းအင်အပြည့်ဝဆုံး အခြေအနေနှင့်တောင် ကျိန်စာသင့်ရှေးဟောင်းမိစ္ဆာကို တစ်ကိုယ်တည်းရင်ဆိုင်ရန် မဖြစ်နိုင်ခဲ့ပါ။ ထို့ကြောင့် ယခုအချိန်၌ ကျိန်စာသင့်ရှေးဟောင်းမိစ္ဆာသည် ကောင်းကင်ဘုံထပ် ပို၍အန္တရာယ်ကြီးသော ခြိမ်းခြောက်မှုဖြစ်သည်။ ကျိန်စာသင့်ရှေးဟောင်းမိစ္ဆာ အမှန်တကယ် လွတ်မြောက်လာပါက ဓားဘုရင်ရှားယဲ့၏စွမ်းအားကိုသာ အားကိုးရမည်ဖြစ်သည်။ ထို့ကြောင့် ရှားယဲ့ဓားကို စိတ်ရောကိုယ်ပါ နာခံလာအောင်လုပ်ရန် အရေးကြီး၏။
VOCÊ ESTÁ LENDO
THE PROMISE OF A THOUSAND WISTERIA
FantasiaUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...