အပိုင်း ၁၇ |Unicode+Zawgyi|

70 8 0
                                        

Unicode Version

အနောက်ဘက်ကောင်းကင်ဘုံ ဂိတ်တံခါးသည် အလွန်မြင့်မားသော တောင်တန်းကြီးများအနီးတွင် တည်ရှိသည်။ ရှင်းလော့နှင့် ပိုင်ကျိုးရွှေသည်
အမြင့်ဆုံးတောင်ထွဋ်ပေါ်၌ ခရီးတစ်ထောက်နားပြီး အနောက်ဘက်ဂိတ်တံခါးကို မျှော်ကြည့်သည်။

ပိုင်ကျိုးရွှေက ကျောက်စိမ်းယပ်တောင်ကို ဖြန့်လိုက်ရင်းပြော၏။

"ရှင်းလော့ ကြည့်စမ်း ရှေ့မှာ အနောက်ဘက်ဂိတ်တံခါးနားကို မြင်နေရပြီ။ မင်းကလည်း ကောင်းကင်ဘုံက အလိုရှိနေတဲ့လူ။ ငါကလည်း လက်တလောတော့ ကောင်းကင်ဘုံထဲ မဝင်ဖို့ ပိတ်ပင်ခံထားရတယ်"

ရှင်းလော့က ပိုင်ကျိုးရွှေကို ကြည့်လိုက်သည်။

"ရေနတ်ဘုရားက ဘာလို့များ ကောင်းကင်ဘုံဝင်ခွင့် ပိတ်ပင်ခံလိုက်ရတာလဲ"

ပိုင်ကျိုးရွှေက ချောင်းဟန့်သည်။

"တကယ်တော့ ငါအလုပ်သိပ်များနေလို့ တောင်ပင်လယ်မှာ မိုးရွာချိန် မဆိုစလောက်လေး နောက်ကျသွားခဲ့တာပါ။ ဘာမှ ပြဿနာကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး"

ရှင်းလော့က မျက်ခုံးတစ်ဖက်ပင့်ကြည့်ကာပြော၏။

"မဆိုစလောက်လေး နောက်ကျတယ်။ မိုးရွာတယ်ဆိုတာ ဘယ်လောက်အရေးကြီးတဲ့တာဝန်လဲ သိရဲ့လား ရေနတ်ဘုရား"

ပိုင်ကျိုးရွှေက ပါးနပ်စွာ စကားလမ်းကြောင်းလွှဲ၏။

"အဓိကပြဿနာက လျန်ပိယာကို ဘယ်သူသွားခေါ်မှာလဲ။ နတ်ပြည်ရဲ့ဂိတ်တံခါးတိုင်းမှာ မင်းနဲ့ငါရောက်လာရင် ကိုင်တွယ်ဖို့ အမိန့်စာတွေ ပလူပျံအောင်ရောက်နေလောက်ပြီ"

သို့သော် သူတို့နှစ်ဦး ကြာကြာခေါင်းမစားလိုက်ရချေ။ အာဏာသံပါပါ စူးရှထက်မြက်သော အသံတစ်ခုက
သူတို့အနောက်နားမှ ထွက်ပေါ်လာလေသည်။

"ဘယ်သူတွေ ငါစစ်နတ်ဘုရားကို ရှာနေတာလဲ"

ရှင်းလော့နှင့် ပိုင်ကျိုးရွှေ နှစ်ယောက်သမား နောက်လှည့်ကြည့်လိုက်ကြသည်။

ရွှေရောင်တဝင်းဝင်းလှံတံနှင့် ရွှေရောင်ချပ်ဝတ်တန်ဆာဆင်မြန်းထားသော စစ်နတ်ဘုရားလျန်ပိယာက သူတို့ကို ခပ်မိုက်မိုက်မျက်နှာပေးဖြင့် ရပ်ကြည့်နေလေသည်။

THE PROMISE OF A THOUSAND WISTERIADonde viven las historias. Descúbrelo ahora