အပိုင်း ၂၃ |Unicode+Zawgyi|

57 10 6
                                    

Unicode Version

မှော်လက်နက်တိုက်သည် ဆန်းကျယ်မှုအပြည့်နှင့် အဆုံးမရှိသောနယ်မြေဖြစ်သည်။ မိုးကောင်းကင်သည် မြေပြင်ဖြစ်နိုင်သလို မြေပြင်သည် မိုးကောင်းကင်ဖြစ်နေနိုင်၏။ ထင်မထားလောက်အောင် များပြားသောမှော်လက်နက်များက နေရာအနှံ့ရှိနေသည်။ 

ရှင်းလော့က မိမိကိုယ်ကို မိတ်ဆက်ရင်း မှော်လက်နက်တိုက်ထဲဝင်လာရသည့် အကြောင်းအရင်းကိုပါ တစ်ပါတည်းပြောသည်။ 

"ငါက ကောင်းကင်ဘုံရဲ့စစ်နတ်ဘုရားရှင်းလော့။ မိစ္ဆာဘုရင်ကို တိုက်ခိုက်ဖို့ မှော်လက်နက်တစ်ခုလိုချင်တယ်။ ရင်ဆိုင်ရမယ့်မှော်လက်နက်က ရှားယဲ့ဓား"

ထိုစဉ် ရှင်းလော့နားထဲတွင် လေတိုးသံတစ်ခု ကြားလိုက်ရပြီးနောက် တီးတိုးပြောသံအများအပြားကို ကြားလိုက်ရလေသည်။ 

"ငါတော့ မိစ္ဆာဘုရင်နဲ့မတိုက်ချင်ဘူး"

"မင်းကြားလိုက်လား..ရှားယဲ့နဲ့တိုက်ရမှာတဲ့ကွ"

"မဖြစ်ဘူး..မဖြစ်ဘူး ဓားဘုရင်နဲ့တိုက်ရင် ငါတို့တစ်စစီဖြစ်မှာ"

"သေဖော်ညှိတဲ့နတ်ဘုရားပဲကွာ..ထွက်သွားစမ်းပါ" 

ခေတ္တကြာပြီးနောက် ရှင်းလော့လည်း ထိုအသံများကိုလျစ်လျူရှုပြီး သန်မာပုံပေါ်သော ဓားတစ်လက်ကို လှမ်းယူသည်။ သို့သော်ထိုဓားသည် ရှင်းလော့လက်နှင့် မထိမိခင် အဝေးသို့ ပျံထွက်သွားလေသည်။ 

"ကျုပ်ကို သွန်းလုပ်ထားတာ မကြာသေးလို့ တိုက်ပွဲအတွေ့အကြုံမရှိဘူး" 

သွားလေရာနေရာရှိ ဓားများသည် ရှင်းလော့အနီးမှ အလျှိုလျှိုဖယ်သွားကြလေရာ ရှင်းလော့လည်း အားမလိုအားမရဖြစ်လာသည်။ 

ရှင်းလော့သည် အပြာရောင်အလင်းများဖြာနေသော ဓားတစ်လက်ရွေးချယ်လိုက်၏။ ထိုဓားကတော့ ရှောင်မပြေးပါ။ သို့သော်လည်း ရှင်းလော့လက်ထဲရောက်သည်နှင့် အရှိန်အဝါများပျောက်ကာ ငြိမ်ကျသွားလေသည်။ 

ထို့နောက် ရှင်းလော့နားထဲတွင် ငိုသံပါနေသော တီးတိုးပြောသံတစ်ခုကြားလိုက်ရ၏။ 

THE PROMISE OF A THOUSAND WISTERIAWhere stories live. Discover now