Unicode Version
ရှင်းလော့သည် ဆရာနှင့်အတူ ကောင်းကင်ဘုံ၏အပြစ်ဒဏ်ကို ရှောင်ရှားနေရသည့်အချိန်က နေထိုင်ခဲ့ကြသော ဟွားနန်မြို့နယ်မြေထဲရှိ ဝါးအိမ်လေးထံ ပြန်လာခဲ့သည်။ ရွှမ်မင်ကလည်း ရှင်းလော့နှင့်အတူနေရန် လိုက်လာသည်။ ဝါးအိမ်လေးသည် ဆရာတပည့်၂ယောက်နေရန် ရည်ရွယ်ကာ ဆောက်လုပ်ထားသောကြောင့် လူနှစ်ယောက်သည် လွတ်လွတ်လပ်လပ်နေနိုင်မည်ဖြစ်၏။
ယခင်က ဟွားနန်မြို့သည် ပန်းမာလာပေါင်းစုံ ဝေဝေဆာဆာပွင့်လန်းရာမြို့ဖြစ်ပြီး သမမျှတသောရာသီဥတုရှိခဲ့သည်။ ယခုအချိန်၌ အရောင်အသွေးစုံလင်သော ပန်းပင်များကိုမတွေ့ရတော့ဘဲ ခရမ်းရောင်အဆင်းရှိသည့် ကျစ်ထန်ပင်များကိုသာ နေရာအနှံ့တွေ့နေရသည်။
ဝါးအိမ်လေးတွင် လူမနေသည်မှာ ထောင်စုနှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း ပကတိ မပျက်မယွင်းဘဲရှိနေဆဲဖြစ်၏။
ရွှမ်မင်က အိမ်တံခါးကိုဖွင့်လိုက်ရာ ဖုန်လုံးကြီးတစ်လုံး ထောင်းခနဲထွက်လာသောကြောင့် ဖုန်မှုန်များကို တစ်ဝကြီးရှူမိသွားရှာလေသည်။ ထို့ကြောင့် အပြင်ပြေးထွက်လာကာ ချောင်းတဟွတ်ဟွတ်ဆိုးနေ၏။
အထာနပ်နေသောရှင်းလော့က နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားနှင့်ပြီးဖြစ်သည်။
"နတ်တန်ခိုးနဲ့ ဖန်ဆင်းထားတဲ့အိမ်ဆိုပြီး အထင်မကြီးနဲ့ဗျ။ ဆရာနဲ့ကျွန်တော် အချိန်တွေပိုနေလို့ ပျင်းနေတာနဲ့ လူတွေဆောက်တဲ့နည်းအတိုင်း နှစ်ဝက်လောက် ဆောက်ထားထာ။ ပြီးမှ အချိန်ကြာကြာခံအောင် နတ်တန်ခိုးနဲ့ ထိန်းသိမ်းထားလိုက်တယ်"
"ငါသာဆိုရင် နတ်တန်ခိုးနဲ့ အိမ်တစ်လုံးဖန်ဆင်းမိမှာပဲ"ဟု ရွှမ်မင်ကပြောသည်။
ရှင်းလော့နှင့်ရွှမ်မင်အတွက် ပထမဆုံးသောတာဝန်မှာ အိမ်သန့်ရှင်းရေးလုပ်ရန်ဖြစ်၏။ ညဉ့်ဦးယံအချိန်၌ အိမ်သန့်ရှင်းရေးလုပ်ခြင်းပြီးစီးသွားသည်။ တစ်နေကုန် စုတ်ပြတ်သတ်နေအောင် တိုက်ခိုက်ထားရသောကြောင့် နှစ်ယောက်လုံး ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးမှ အိပ်ကြရသည်။
![](https://img.wattpad.com/cover/321293652-288-k209407.jpg)
BẠN ĐANG ĐỌC
THE PROMISE OF A THOUSAND WISTERIA
Viễn tưởngUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...