အပိုင်း ၃၀ |Unicode+Zawgyi|

59 8 9
                                    

Unicode Version

ရှင်းလော့သည် ရှိုးလော့ဖုန်းယွီ၏ အားပြင်းသောရိုက်ချက်တစ်ခုကို ခံယူလိုက်ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရကာ မြေပေါ်သို့ ဦးတည်ကာ လွင့်ထွက်သွား၏။ ထိုအခိုက် ထင်မထားသောဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့သည်။ ရှားယဲ့ဓားသည် ရှိုးလော့ဖုန်းယွီလက်ထဲမှ ရုန်းထွက်သွားပြီး ရှင်းလော့ထံ ပျံထွက်သွားခဲ့၏။

ရှိုးလော့ဖုန်းယွီက ဓားကို ပြန်လည်ဆင့်ခေါ်သော်လည်း ရှားယဲ့ဓားက ပြန်မလာပါ။ မိစ္ဆာနှိမ်နင်းဓားနှင့်တိုက်ခိုက်ပြီး ရှိုးလော့ဖုန်းယွီနှင့် ရှားယဲ့ကြားမှ ချိတ်ဆက်မှုအားနည်းသွားချိန်၌ ရှားယဲ့ လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှိုးလော့ဖုန်းယွီလည်း ဓားကိုလက်ရပြန်ယူရန် ကိုယ်တိုင်လိုက်လာတော့သည်။

ရှားယဲ့သည် လူအဖြစ်ပြောင်းသွားကာ ရှင်းလော့ကို ထွေးပွေ့လိုက်၏။ ထို့ကြောင့် နှစ်ယောက်လုံး  မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွား​ကြသည်။ ရှင်းလော့သည်
ရှားယဲ့က ကာကွယ်ပေးလိုက်သောကြောင့်သာ သက်သာရာရသွားခြင်းဖြစ်၏။ သို့မဟုတ်လျှင် မြေပြင်နှင့် ရိုက်မိသောအရှိန်ကြောင့် ၂ ရက်လောက် သတိမေ့သွားရန် သေချာသလောက်ရှိသည်။ ရှင်းလော့၏ ချပ်ဝတ်တန်ဆာက ကျေမွပျက်စီးသွားခဲ့သည်။ ထို့အပြင် ခြေထောက်တစ်ဖက်လည်း ကျိုးသွားခဲ့သောကြောင့် လမ်းမလျှောက်နိုင်တော့ချေ။

ရှင်းလော့သည် အင်အားကိုစုစည်းကာ ပြန်ထရန် ကြိုးစားနေ၏။ ထိုအချိန်၌ ရှားယဲ့ကလည်း အားယူကာ ပြန်ထလာပြီဖြစ်သည်။ 

ရှားယဲ့သည် လမ်းလျှောက်ရန်အခက်တွေ့နေသော ရှင်းလော့ကို တွဲပေးရင်းပြော၏။ 

"ရှိုးလော့ဖုန်းယွီ ရောက်မလာခင်..မြန်မြန်ပြေးရအောင် သခင်ရှင်းလော့" 

ရှင်းလော့သည် ရှားယဲ့၏လည်ပင်းနှင့်လက်မှ သိသာသော အက်ကွဲကြောင်းရာများကို တွေ့လိုက်၏။ 

"ရွှမ်မင်..ဒဏ်ရာရထားတာလား" 

ရှင်းလော့သည် ရှားယဲ့နှင့်ဆက်နွယ်ထားသော သွေးကတိကို အသုံးချကာ ရှားယဲ့ကို ငြိမ်ငြိမ်ထိုင်ခိုင်းလိုက်သည်။

THE PROMISE OF A THOUSAND WISTERIAWhere stories live. Discover now