Unicode Version
ယွဲ့နန်စစ်သူကြီးကို အပြတ်ရှင်းပြီးနောက် ရှားယဲ့ဓားသည် ရှိုးလော့ဖုန်းယွီလက်ထဲမှ ရုန်းထွက်ကာ လူအဖြစ်ပြန်ပြောင်းသွား၏။
ရှားယဲ့သည် ပုံစံမမှတ်မိနိုင်လောက်အောင် ရက်ရက်စက်စက်အသတ်ခံထားရသော အလောင်းများကိုကြည့်ကာ အံ့အားသင့်နေမိသည်။
"စွမ်းအားမဲ့တဲ့လူသားတွေကို ဘာလို့ဒီလောက်အထိ လုပ်ပစ်ရတာလဲ"
ရှိုးလော့ဖုန်းယွီက မကောင်းဆိုးဝါးဆန်ဆန်အပြုံးတစ်ခု ပြုံးလိုက်ကာ ရှားယဲ့ကို ယွဲ့မြစ်ရေပြင်အနီးသို့ ဆွဲခေါ်သွားပြီ ရှားယဲ့မျက်လုံးတွင်စည်းထားသည့် အဝတ်စကို ဖယ်ရှားလိုက်သည်။ ထို့နောက် ရေထဲတွင်ထင်ဟပ်နေသည့် သွေးနီရောင်မျက်ဝန်းများကို ကြည့်ခိုင်း၏။
"ငါအရှင် ဒဏ္ဍာရီတစ်ပုဒ်ကြားဖူးတယ်။ ရှားယဲ့ဓားက လူ၊ နတ်၊ မိစ္ဆာပေါင်းများစွာရဲ့သွေးတွေစွန်းထင်းပြီး နောက်ဆုံးမှာ စိတ်ဝိညာဉ်ထဲအထိ သွေးရဲ့အရောင် စွန်းထင်းသွားခဲ့တယ်တဲ့။ မင်းမျက်လုံးတွေကို ကိုယ်တိုင် မြင်အောင်ကြည့်စမ်း..သွေးနီရောင်က သိပ်လှတယ်လို့ မထင်ဘူးလား ရှားယဲ့"
ရှားယဲ့က ရုန်းရင်း ပြန်ပြောသည်။
"ကျုပ်က သခင်တွေရဲ့ဆန္ဒအတိုင်း အမှုထမ်းခဲ့တာ။ ကျုပ်ရဲ့သဘောဆန္ဒအလျောက် သတ်ခဲ့တဲ့လူတစ်ယောက်မှမရှိဘူး။ ခင်ဗျားနဲ့ တန်းညှိဖို့ မစဉ်းစားနဲ့"
ရှိုးလော့ဖုန်းယွီက ခပ်ဟဟရယ်လိုက်သည်။
"မင်းရင်ထဲက ကလဲ့စားချေချင်တဲ့ဆန္ဒကို ငါအရှင်မသိဘူးထင်နေလား။ အဲဒီ့လူတွေက ငါအရှင်နဲ့ရန်ငြှိုးရန်စမရှိဘူး ရှားယဲ့..။ မင်းအတွက် သတ်ပေးခဲ့တာ။ ဟန်ဆောင်မနေပါနဲ့.. မင်းလည်းဆန္ဒပြည့်သွားလို့ ကျေနပ်သွားတယ်မဟုတ်လား။ ငါအရှင်လက်ထဲမှာဆိုရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နေစရာမလိုဘူး ရှားယဲ့..။ အခုတော့ အိမ်ပြန်ရအောင်"
တစ်ပတ်ခန့်အနားယူပြီးနောက် ရှိုးလော့ဖုန်းယွီသည် အင်အားပြန်ပြည့်သွားပြီဖြစ်ရာ မိစ္ဆာဘုံဂိတ်တံခါးတစ်ခု ဖန်တီးကာ မိစ္ဆာဘုံသို့ပြန်လာခဲ့သည်။ မိစ္ဆာဘုံသို့ ပြန်ရောက်သည်နှင့် မိစ္ဆာများ လူ့လောကသို့ ကျူးကျော်သည့်အဖြစ်မျိုးကို တားဆီးရန် ဂိတ်တံခါးကို ပြန်လည်ဖျက်ဆီးပစ်လိုက်သည်။
YOU ARE READING
THE PROMISE OF A THOUSAND WISTERIA
FantasyUnicode Version ရှင်းလော့သည် ကောင်းကင်ဘုံ၏အပြစ်ဒဏ်သင့်ကာ လူ့ပြည်တွင် ပုန်းခိုနေရသော နတ်ဘုရားတစ်ပါးဖြစ်သည်။ တစ်နေ့တွင် ရှင်းလော့သည် ဒဏ်ရာရကာ ဒုက္ခတွေ့နေသည့် မိစ္ဆာဖမ်းသူရွှမ်မင်နှင့်တွေ့ဆုံကာ ကယ်ထားခဲ့သည်။ ထိုချိန်က ရှင်းလော့သည် ကောင်းကင်ဘုံကြောင့် ဆ...