အပိုင်း ၂၇ |Unicode+Zawgyi|

50 7 4
                                    

Unicode Version

ရှိုးလော့ဖုန်းယွီသည် မိစ္ဆာဘုံမှအရေးကိစ္စများကို စိတ်ပူကာ အတွေးများနေသောကြောင့် တစ်ညလုံးအိပ်မပျော်ပါ။ ယခင်ခန္ဓာကိုယ်နှင့်နေခဲ့စဉ်က အတွေးများခြင်းမရှိသလို အိပ်စက်ရန်လည်းမလိုချေ။ ပြဿနာတိုင်းကို ရှင်းရှင်းလင်းလင်း စဉ်းစားပြီး အဖြေရှာနိုင်သည်။ ရှင်းဟူ၏ခန္ဓာကိုယ်ကတော့ ဤသို့မဟုတ်ပါ။ တောင်စဉ်ရေမရ အတွေးများတတ်သည့်အပြင် ထူးဆန်းသောပုံရိပ်များကိုလည်း ပြဇာတ်တစ်ပုဒ်ကြည့်ရသည့်သဖွယ် ပြန်လည်မြင်ယောင်တတ်သေး၏။ အမှန်တကယ်ကမူ ရှင်းဟူဖတ်ဖူးထားသော လူ့လောကမှ သိုင်းဝတ္ထုများကို ပြန်မြင်ယောင်ခြင်းဖြစ်သည်။ ထိုအကြောင်းမသိသော ရှိုးလော့ဖုန်းယွီသည် ပုံရိပ်များ ပြန်လည်မြင်ယောင်လျှင် လန့်သွားတတ်သေးသည်။ 

ရှိုးလော့ဖုန်းယွီသည် ကျိန်စာသင့်ရှေးဟောင်းမိစ္ဆာကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းစဉ်းစားနေစဉ် မိစ္ဆာဘုံ၏စားဝတ်နေရေးသို့ အတွေးရောက်သွားပြန်၏။ ထိုမှတစ်ဆင့် လူ့ပြည်မှလောင်းကစားနည်းများကို အတုခိုးကာ အကျင့်ပျက်နေသော မိစ္ဆာများကို ထိန်းသိမ်းရန် စဉ်းစားနေမိပြန်သည်။ မတူညီသောအကြောင်းအရာ သုံးလေးခုထပ်မနည်း ခေါင်းစဉ်ပြောင်းသွားပြီနောက် ရှိုးလော့ဖုန်းယွီလည်း အတော်ကိုစိတ်ရှုပ်နေရပြီဖြစ်သည်။ ရှင်းဟူသည် အပြင်ပန်းတွင် တည်ငြိမ်ကာရဲရင့်သလောက် အတွင်းစိတ်ထဲတွင် ဤမျှအထိ ရောသမမွှေကာ ပရမ်းပတာဖြစ်နေမည်ဟု ရှိုးလော့ဖုန်းယွီ ဘယ်တုန်းကမှ ထင်မထားခဲ့ပါ။ ထိုနေ့ညက ရှိုးလော့ဖုန်းယွီသည် ရှင်းဟူကိုအပြစ်တင်လိုက် ကုတင်ပေါ်တွင် လူးလှိမ့်နေလိုက်နှင့် တစ်ယောက်တည်း ကမ္ဘာပျက်မတက်ဖြစ်နေခဲ့သည်။ 

မနက်မိုးလင်းခါနီးအချိန်၌ ရှိုးလော့ဖုန်းယွီက ခေါင်းမိုးပေါ်တက်အိပ်နေသော ရှားယဲ့ကို ပြန်ဆင့်ခေါ်သည်။ ရှားယဲ့သည် မိစ္ဆာဘုံမှ အပြင်းစားသေရည်အစွမ်းကြောင့် နေထွက်လာသည်ကိုပင် မသိနိုင်အောင် အိပ်ပျော်နေဆဲ​ဖြစ်သည်။ 

ရှိုးလော့ဖုန်းယွီ ခေါ်သံကြားမှ "ရှင်းဟူ.. ဘယ်နေရာကခေါ်တာလဲ"ဟု အယောင်ယောင်အမှားမှားရေရွတ်ကာ နိုးလာ၏။ 

THE PROMISE OF A THOUSAND WISTERIADonde viven las historias. Descúbrelo ahora