အပိုင်း ၅

2.9K 358 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၅


နံနက်စောစောက  မိသားစုထဲက အရွယ်ရောက်ပြီးသူအားလုံး ထွက်သွားတာကို မြင်လိုက်ရတော့ ဝမ်ရှို့ယင် စိတ်သက်သာရာရသွားပြီး မြင်လိုက်တော့ သူမ ရန်ယန်ကို ထမင်းနည်းနည်းလောက် ကျွေးချင်ခဲ့သည်။

ရန်ယန်က အစာစားနေချိန် ရုတ်တရက် တစ်စုံတစ်ယောက် ရောက်လာမယ်လို့ သူမ မမျှော်လင့်ထားပေ။

ချန်ချိုင်ယွင်က မီးဖိုချောင်တံခါးဆီ လှမ်းအော်လိုက်ရုံသာမက ပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေကြတဲ့ ပထမမိသားစုထဲက အမျိုးသမီးဖြစ်တဲ့  ရန်ချန်ယွီ၊ ရန်ဟုန်ရင်နဲ့ ရန်လျန်ဟွာတို့ကိုလည်း ခေါ်ခဲ့သည်။

ဒါက မလုံလောက်ဘူးလို့ ထင်ရသည်။ ချန်ချိုင်ယွင်က "အိုး အမေ၊ အမေ့ရဲ့ အဘိုးကြီးကို[1] ကြည့်ဖို့ ခေါ်လို့လည်းရတယ်နော်။ အမေ့ရဲ့ တတိယချွေးမ ဘာလုပ်ခဲ့လဲဆိုတာ ကြည့်ပါဦး!"

ထမင်းစားခန်းထဲမှာ ဝမ်ရှို့ယင်က ကြက်ဥတွေစားနေတဲ့ ရန်ယန်ကို အမြန်ရပ်ခိုင်းလိုက်သည်။  သူမမျက်နှာက စိမ်းနေပြီး အသံမထွက်နိုင်တာ ကြာလှပြီ။

ဝမ်ရှို့ယင် ဒီလိုလုပ်ခဲ့တာ ဒါပထမဆုံးအကြိမ်မဟုတ်တဲ့အတွက် သူမမှာ အပြစ်ရှိသလို အသိစိတ်တစ်ခုရှိသည်။

ဆန့်ကျင်ဘက်တွင် သူ့ဘေးနားရှိ လင်းရှောင်ယွဲ့က အပြစ်မရှိသလို စိတ်ချလက်ချနဲ့ မျက်နှာတည်တည် ပြန်ပြောလိုက်သည် - "ဒုတိယ အဒေါ်၊ ဘာတွေအော်နေတာလဲ၊ အဲဒါ အိုးထဲက ထွက်လာတဲ့ ဟင်းသက်သက်ပဲ၊ လူတွေကို မြည်းစမ်းကြည့်ဖို့ တောင်းဆိုနေတာလား။ ဘာလဲ အဒေါ်ချက်ထားတဲ့ အစားအစာကို မြည်းစမ်းကြည့်သင့်တယ် မဟုတ်ဘူးလား"

"ဟုတ်တယ်၊ မြည်းတာလေးပဲ "

ဝမ်ရှို့ယင်က လင်းရှောင်ယွဲ့ရဲ့ အကြောင်းပြချက်နောက် လျင်မြန်စွာ လိုက်ပြီး "ဒုတိယ ယောက်မ၊ အော်မနေနဲ့။ ဘာကိစ္စကြီးမလို့လဲ"

"ဟက်! မြည်းတယ်!"

ချန်ချိုင်ယွင်က ယောက္ခမနဲ့ ချွေးမတို့ရဲ့ အကြောင်းပြချက်ကို မဝယ်ခဲ့ပေ။ သူမ မီးဖိုချောင်ထဲ အမြန်ပြေးပြီး မီးဖိုဆီ သွားခဲ့သည်။ ရန်ယန်စားခဲ့တဲ့ ကြက်ဥပန်းကန်ကို ကောက်ယူပြီး လှည့်ကြည့်လိုက်သည်။ "ကြည့်လေ! ငါ့လက်ထဲမှာ သက်သေတွေရှိတယ်! နင် ကြက်ဥတွေကို ဘယ်သူမှ သတိမထားမိအောင် တမင်တကာ ရောမွှေထားတာ"

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Where stories live. Discover now