အပိုင်း ၄.၂

3K 361 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၄.၂


အခန်းထဲထွက်ခါနီး လှည့်ကြည့်လိုက်တော့ ကုတင်ဘေးက သစ်သားစားပွဲပေါ်မှာ ဆီပေခံ စက္ကူအိတ်ကို တွေ့လိုက်ရသည်။

လင်းရှောင်ယွဲ့ စက္ကူပေယ်မှာ ရေးထားတဲ့ စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရသည်- [အရူးကို မစားစေနဲ့။ ဒါကို တွေ့တာနဲ့ ချက်ချင်းစား။]

"ဖွီ.."

လင်းရှောင်ယွဲ့ ရယ်လိုက်မိသည်။

ရန်ယန်ရဲ့ တတိယကိုယ်ခွဲ ယူပြန်လာတဲ့ အစားအစာဖြစ်ကြောင်း သူမ သိပြီး ၆ နှစ်သား ရန်ယန် စားမိမှာ စိုးရိမ်တာကြောင့် သူမကို ချက်ချင်းစားဖို့ ပြောခဲ့သည်။

အရူးက သူကိုယ်တိုင်ကော မဟုတ်လို့လား?

လင်းရှောင်ယွဲ့ တိတ်တိတ်လေး တွေးနေမိသည်။

သူမ ဆီပေခံ စက္ကူအိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ထောပတ်ထည့်ထားတဲ့ မုန့်ကြီးတစ်ပိုင်းကို တွေ့လိုက်ရသည်။ သူမ နည်းနည်းဖဲ့လိုက်ချိန် အထဲမှာ အသားတွေ ရှိနေသေးတာ မြင်လိုက်ရသည်။

အခုခေတ်မှာ အသားက အဖိုးတန်တယ်။

သူက ညသန်းခေါင်မှာ အပြင်ထွက်သွာပြီး ဒီရှားပါးပစ္စည်းကို ရခဲ့တယ်။ အရမ်းကောင်းတာပဲ!

အခန်းမှထွက်ကာ ခဏလောက် ရေချိုးပြီးနောက် လင်းရှောင်ယွဲ့က မုန့်စားဖို့ အခန်းဆီ ပြန်ခဲ့သည်။

ဒီနှစ်ရက်လောက်ကြာပြီး နောက်ဆုံးမှ အသားစားရသည်။ သူမ ခုန်တက်သွားလောက်အောင် ပျော်ရွှင်ခဲ့သည်။

လင်းရှောင်ယွဲ့က ပျော်ရွှင်စွာစားသောက်ခဲ့သည်။ သူမ ခေါင်း လှည့်ကာ အိပ်ယာပေါ် အိပ်ပျော်နေဆဲဖြစ်သည့် ရန်ယန်ကို ကြည့်ကာ ကျေနပ်စွာ ပြောခဲ့သည်။ "ကျေးဇူးတင်ပါတယ်။  ငါ့ရဲ့ တတိယခင်ပွန်း။"

အမ်...

တတိယခင်ပွန်းလား?

အဲ့ဒါက နည်းနည်းတော့ ထူးဆန်းတယ်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Kde žijí příběhy. Začni objevovat