အပိုင်း ၈၁ / ၈၂ / ၈၃

979 95 0
                                    


၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၈၁


ဝမ်ရှို့ယင် အဲဒီလိုလုပ်ဖို့ ဝန်လေးနေခဲ့သည်။ ဆရာကောင်းတစ်ယောက်ရှိနေကြောင်း အနီးနားရှိ အိမ်နီးချင်းဆီမှ ကြားသိရပြီးနောက် သူမ ရန်ယန်ကို ခေါ်သွားဖို့လုပ်ခဲ့သည်။

 သူမ ရန်ယန်ကို ဆရာ့ဆီ ခေါ်ဆောင်သွားပြီး တစ်ကြိမ်အတွက် ယွမ် ၁၀၀ သုံးစွဲခဲ့ပေမယ့် ရလဒ် ကြီးကြီးမားမား မရခဲ့ပေ။

 အဲဒီနောက်မှာတော့ အဖွားရန်ရဲ့ နှလုံးသားအတိုင်း မိသားစုတစ်စုလုံး ပိုမိုစည်းလုံးပြီး ဖြတ်ကျော်လာခဲ့သည်။

ဝမ်ရှို့ယင်က "ရန်" မဟုတ်တော့ သူတို့ရဲ့ စည်းလုံးတဲ့မိသားစုနဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ။

 ဘာပဲဖြစ်ဖြစ်ပါ!

 တိတ်တိတ်ဆိတ်ဆိတ်နဲ့ငါတို့ ဘဝကို ဖြတ်သန်းကြရအောင်။

ရန်တယုံလိုလူမျိုးနဲ့ လက်ထပ်ဖို့ ဘယ်သူက ပြောခဲ့တာလဲ။

 ဝမ်ရှို့ယင်က စောင်အောက်ပုန်းပြီး ငိုနေတဲ့အခါ ရန်တယုံလည်း သက်ပြင်းချကာ စားပွဲပေါ်က ခေါက်ဆွဲပန်းကန်နှစ်လုံးကို စားပစ်လိုက်သည်။

 နေ့ခင်းဘက်မှာတော့ ရန်တယုံက ဝမ်ရှို့ယင်ကိုစကားပြောခဲ့သ "ဒီနေ့နေ့လည် မင်းအိမ်မှာ ပဲအနားယူလိုက်၊ အလုပ်မသွားနဲ့တော့ ကိုယ် သွားလိုက်မယ်"

 ဝမ်ရှို့ယင် သူ့အပေါ် ယဉ်ကျေးမနေတော့ဘူး။ သူမတကယ်လည်း မသွားဘူး!

****

လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့က ညဉ့်နက်မှ ပြန်ရောက်လာကြသည်။

 သူတို့နှစ်ယောက်ဟာ အန်းမြို့က ပြန်လာပြီး ဝက်သားအကြွပ်ကြော်နဲ့ အဆာပြေမုန့်တွေယူလာကာ ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့ စားဖို့အတွက် ယူလာပေးခဲ့သည်။

ဝမ်ရှို့ယင် ဒေါသအရမ်းထွက်ပြီး ညစာမပြင်ဘဲ အိပ်ယာထဲ လှဲနေခဲ့သည်။

 ထို့ကြောင့် လင်းရှောင်ယွဲ့ နဲ့ ရန်ယန်တို့ ပြန်လာတဲ့အခါ ရန်တယုံ မီးဖိုပေါ်တွင် ခေါက်ဆွဲပြုတ်နေတာကို တွေ့လိုက်ရသည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora