အပိုင်း ၉၈

827 92 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၉၈



 မြို့တော်ထဲ ဝင်တဲ့အခါ သူတို့သုံးယောက်က မြို့တော်မှ ဘတ်စ်ကားစီးပြီး လျိုမြို့သို့ သွားကြသည်။

 မြို့ထဲပြန်ရောက်တော့လည်း ဘတ်စ်ကားစီးသည်။

 အချိန်စောနေသေးတာကြောင့် ဘတ်စ်ကားပေါ်မှာ လူသိပ်မများဘူး။ သူတို့သုံးယောက်က နောက်ဆုံးတန်းမှာ ထိုင်ကြသည်။

 ဘတ်စ်ကားပေါ်တွင် ရန်ယန်က လင်းရှောင်ယွဲ့ကို မေးလိုက်သည်။ "မင်းဘာလို့ အဲဒီလူနဲ့ အလုပ်တွဲလုပ်ချင်တာလဲ၊ သူ့အကြောင်း တစ်ခုခုထူးခြားတာရှိလို့လား"

 ပြတင်းပေါက်ကနေ လှမ်းကြည့်နေတဲ့ လင်းရှောင်ယွဲ့ က အဲဒီစကားတွေကိုကြားတော့ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ အဲဒီလူက တော်တော် အစွမ်းထက်တယ်၊ အနာဂတ်မှာ သေချာပေါက် အသုံးဝင်လိမ့်မယ်"

 မူရင်းစာအုပ်တွင် လျိုကျန်း ဟူသောလူသည် ဗီလိန် ရန်ယန် ၏ အကောင်းဆုံးလက်တွဲဖော်ဖြစ်သည်။

 ဗီလိန် ရန်ယန်နဲ့ မကောင်းမှုပြုလုပ်ခဲ့သူလို့ ယူဆနိုင်သည်။

 မူရင်းစာအုပ်ရဲ့ နောက်ပိုင်းအပိုင်းတွင် အားကောင်းမောင်းသန် လျိုကျန်းနှင့် ရန်ယန်တို့သည် ဇာတ်လိုက်မင်းသားနှင့် ဇာတ်လိုက်မင်းသမီးအား မကောင်းတာတစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့သည်။ နှစ်ယောက်ထဲက တစ်ယောက်က အမြတ်ကို ဦးတည်ပြီး နောက်တစ်ယောက်က ရက်စက်သည်။ အခြေခံအားဖြင့်တော့ သူတို့က အကန့်အသတ်မရှိ မကောင်းတာတွေကို လုပ်နေကြတာပါပဲ။

 မူရင်းစာအုပ်တွင် သူတို့နှစ်ဦးစလုံး ဗီလိန်တွေ ဖြစ်လာရသည့် အကြောင်းရင်းများရှိသည်။ လျိုကျန်း၏ ရည်ရွယ်ချက်မှာ အမျိုးသားဇာတ်လိုက်ကို တိုက်ခိုက်ရန်နှင့် အမျိုးသားဇာတ်လိုက်၏ အသက်မွေးဝမ်းကျောင်းကို လုယက်ရန်ဖြစ်သည်။

 ရန်ယန်က အမျိုးသမီးဇာတ်လိုက်အတွက် အမျိုးသားဇာတ်လိုက်နှင့် ယှဉ်ပြိုင်ချင်ခဲ့သည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Where stories live. Discover now