အပိုင်း ၇၃ / ၇၄ / ၇၅

954 28 0
                                    



အပိုင်း ၇၃

 "ဘာကြည့်နေတာလဲ" ရန်ယန်က ပျင်းရိနေတဲ့လေသံဖြင့် မေးခဲ့သည်။

လင်းရှောင်ယွဲ့က ဘေးခန်းကျဉ်းလေးရဲ့ တံခါးကို စိုက်ကြည့်နေရာမှ လှည့်ပြီးသူ့ကိုအဖြေပေးလိုက်သည်။ "ကျွန်မ စဉ်းစားနေတာ၊ လူတိုင်းမှာ အဆုံးမရှိတဲ့ အလုပ်တွေရှိတယ်၊ နေ့တိုင်း အရမ်းအလုပ်များနေတယ်၊ ​​ကျွန်မက အိမ်မှာပဲ အေးအေးဆေးဆေး နေနေတာ။ ဒါက ခံစားချက်ကောင်းတစ်ခုပဲ"  

 သူမ၏စကား ပထမပိုင်းကို နားထောင်ရင်း ရန်ယန်က ဤအားလပ်ချိန်ကို သူမ အိမ်၌ပင် အနားယူရန် မလိုချင်တော့ဘူးလို့ သူ ထင်ခဲ့သည်။

 ရလဒ်အနေဖြင့် နောက်ဆုံးစကားကြားလိုက်ရတဲ့အခါ သူမကြောင့် သဘောကျမိသွားသည်။ သူမရဲ့ပုခုံးကိုပုတ်ရင်း ပြုံးလိုက်သည်။ "ဒါဆို မင်းက အနားယူနေရတာကို သဘောကျတယ် မဟုတ်လား"

 "ဟုတ်တယ် သဘောကျတယ်။ ဘယ်သူက အနားယူရတာ မကြိုက်လို့လဲ။ ကျွန်မ နေ့တိုင်း တစ်နှစ်ပြီးတစ်နှစ် တစ်လပြီးတစ်လ အနားယူချင်တယ်၊ ပြီးတော့ ပိုက်ဆံရှိချင်သေးတယ်" လင်းရှောင်ယွဲ့က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြီး သူ့ကို ပြန်ဖြေခဲ့သည်။

 "ကောင်းပါပြီ"ရန်ယန်ကလည်း သူမကို စကားလုံးတစ်လုံးတည်းနဲ့ ပြန်ဖြေပြီး နောက်ဆုံးမှာတော့ ထပ်ပြောလိုက်သည်။ "ကိုယ် မင်းကို ဒီလိုဘဝမျိုးသေချာပေါက် ပေးမယ်။ မင်းကအခု ဆိုလုံးဝ ကိုယ့်ရဲ့မိန်းမဖြစ်သွားပြီ"

လင်းရှောင်ယွဲ့က မနေ့ညက အဖြစ်အပျက်များကို သတိရသွားပြီး ရန်ယန်ရဲ့ခန္ဓာကိုယ်ပေါ်က အနီကွက်တွေကို ငုံ့ကြည့်လိုက်သည်။

 ဤသည်မှာ သူမအလုပ်ဖြစ်သည်။

 သူမ၏ တစ်ဘဝလုံး ရွှေသူတော်စင်ဖြစ်ခဲ့သည်။ သူမရဲ့ သဘာဝလေးကို လွတ်မြောက်ဖို့ဆိုတာ ရှားသည်။ မနေ့ညက သူတို့ကိုယ်တိုင်လည်း မထိန်းနိုင်ခဲ့ဘူး။ အား!

လင်းရှောင်ယွဲ့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူမ လက်က အပေါ်ကိုရောက်လာပြီး သူ့ လည်ပင်းကိုဖက်လိုက်သည်။ “ဟုတ်တယ်၊ ရှင်အနာဂတ်မှာ ကျွန်မကို တာဝန်ယူပေးရမယ်။ အပြည့်အဝ တာဝန်ယူပေးရမှာနော် ”

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ