အပိုင်း ၅၅

1.5K 211 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အခန်း ၅၅


 နှစ်သစ်ကူးအကြိုနေ့တွင် အိမ်တံခါးဝ၌ ဖယောင်းတိုင်နှစ်တိုင်ထွန်းညှိထားသည်။ ဒါက ထုံးစံတစ်ခုပင်။

 ဖယောင်းတိုင်မီးက အမှောင်ဖုံးနေတဲ့ ကမ္ဘာကြီးကို လင်းလက်တောက်ပစေသည်။

 လမ်းမီးတွေမရှိတာကြောင့် ရပ်ကွက်က မှိန်ဖျော့နေပြီး လရောင်က တစ်ခါတစ်ရံ ပျောက်ကွယ်သွားကာ တိမ်များဖုံးလွှမ်းနေတတ်သည်။

 ထူထဲပြီး အပွင့်ကြီးတဲ့ ချည်သားပါတဲ့ ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားတဲ့ လင်းရှောင်ယွဲ့က အေးတဲ့ဆောင်းရာသီမှာ တုန်ယင်နေဆဲပင်။

 ခြေဖဝါးတွေတောင် တောင့်တင်းနေခဲ့သည်...

ဒါပေမယ့် ရန်ယန်အတွက် သူမ စိတ်မပူဘဲမနေနိုင်ခဲ့ပေ။ သူမ တစ်ယောက်တည်း နေဖို့ အခန်းငယ်လေးကို မသွားနိုင်ဘူး။ အပြင်မှာ အေးနေရင်တောင် သူ့ကို စောင့်ချင်နေသည်။

 သူမ ဘယ်လောက်ကြာကြာ စောင့်လိုက်ရမှန်း မသိပေမယ့် နောက်ဆုံးမှာတော့ လင်းရှောင်ယွဲ့က အမှောင်ထဲကနေ ဖြည်းဖြည်းချင်းလျှောက်လာတဲ့ အရပ်ရှည်ရှည်ပုံသဏ္ဍာန်ကြီးကို တွေ့လိုက်ရသည်။

 သူမ မှုန်ဝါးနေတဲ့ အနက်ရောင် အရိပ်ကို စိုက်ကြည့်ရင်း နီးကပ်လာတာနဲ့ ပိုနီးကပ်လာနေသော လူကို လှမ်းကြည့်နေသည်။

 နောက်ဆုံးတွင် ထိုလူရောက်လာသည်ကို သူမတွေ့လိုက်ရသည်။

 "ရန်ယန်!"

 လင်းရှောင်ယွဲ့ သူ့ကို ခေါ်လိုက်သည်။ သူမ သူ့ဆီ ခြေလှမ်းနှစ်လှမ်းတိုးကာ အသက်ရှုကြပ်သွားခဲ့သည်။ အအေးဒဏ်ကြောင့် ပါးစပ်မှ ထွက်လာသော အဖြူရောင် အငွေ့များ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။

 "ရှင့်ကို ဘယ်သူခေါ်သွားတာလဲ၊ ဘာဖြစ်လာတာလဲ၊ ရှင်အဆင်ပြေရဲ့လား၊ ရှင် စိတ်ထိခိုက်နေတာလား"

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Où les histoires vivent. Découvrez maintenant