အပိုင်း ၆၆

1.1K 143 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၆၆


 နှစ်ယောက်သား ရန်အိမ်ကို စောစောပြန်လာကြသည်။ ဒုတိယ ရန်ယန်က တတိယရန်ယန်ရဲ့ စံနမူနာကို လိုက်နာကာ ဟင်းချက်ဖို့ အဆင်သင့်ဖြစ်ခဲ့သည်။

 ဒါပေမယ့်လည်း လင်းရှောင်ယွဲ့က သူ့နောက်ကျောကနေ ဘေးခန်းကျဉ်းလေးထဲ တွန်းကာ သူ့ကို သေချာအိပ်ခိုင်းခဲ့သည်။

 သူမက "မနေ့ညက အပြင်မှာ အိပ်ခဲ့တာဆိုတော့ ပင်ပန်းနေလိမ့်မယ်! ရှင်လည်း နာရီအနည်းငယ်လောက်ပဲ အိပ်ခဲ့ရမှာ! အခု မြန်မြန်သွားအိပ်လိုက်! အိပ်ပျော်သွားလို့ နေ့လယ်စာစားချိန်ကျော်သွားရင်လည်း ကိစ္စမရှိဘူး၊ ကျွန်မချန်ထားပေးမယ်။ နေ့လည်​ ရှင်အိပ်​ရာက နိုးလာရင်​ ထမင်း​ကျွေးမယ်​"

 ရန်ယန်ရဲ့ စိတ်အခြေနေက အရမ်း မကောင်းနေပေ။

 သုံးနာရီသာ အိပ်ပြီး မနက်ခင်းအလုပ်အတွက် ကာယအားကို အသုံးချခဲ့သည်။

လင်းရှောင်ယွဲ့ရဲ့ တင်းမာမှုကြောင့် သူလည်း နာခံစွာ အိပ်ပျော်သွားခဲ့သည်။

 ထို့ကြောင့် သူ့မှာ ယာယီအလုပ်အကြောင်း လင်းရှောင်ယွဲ့ နဲ့ စကားပြောဖို့ အချိန်မရှိခဲ့ပေ။

 အလုပ်မသွားခင် နေ့ခင်းအထိ တစ်ရေးတစ်မော အိပ်မောကျပြီးနောက် ရန်ယန်ရဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားက ပြန်လည်ကောင်းမွန်လာခဲ့သည်။

လင်းရှောင်ယွဲ့က သူ့လက်ကို ဆုပ်ကိုင်ကာ တတိယရန်ယန်ကို ခေါ်ထုတ်ဖို့ သူ့ရဲ့အိပ်ချိန်ကို အခွင့်ကောင်းမယူခဲ့ပေ။

 ထို့ကြောင့် ယခုတစ်ကြိမ် နိုးလာသူမှာ ဒုတိယရန်ယန် ဖြစ်နေဆဲပင်။

 ခန္ဓာကိုယ်ရဲ့ ပိုင်ရှင်သူ ဒုတိယရန်ယန်က သူ့စိတ်ထဲတွင် အမှန်တကယ် အံ့ဩသွားသည်..

 သူ တစ်ကြိမ်ထက်မက သံသယရှိနေသည်။ 'နောက်ဆုံးမှာ ဒီခန္ဓာရဲ့ ပိုင်ရှင်က ဘယ်သူလဲ'

 သူကိုယ်တိုင်ပဲလို့ ထင်ခဲ့ဖူးတယ်...

 ညတိုင်း သူအိပ်ပျော်သွားတဲ့အခါ သူ့ရှေ့မှာ ရွေးစရာ ခန္ဓာကိုယ်သုံးခု ရှိတယ်လို့ ခံစားရသည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang