အပိုင်း ၅၆

1.6K 219 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၅၆


ရန် မိသားစုတစ်ခုလုံးက ရက်စက်ကြမ်းကြုတ်တဲ့ မြေအောက် ကာစီနိုကြွေးရှင်များဆီမှ ပုန်းအောင်းနေကြသည်။

 အိမ်တိုင်း ပိတ်ထားခဲ့ပြီး ဒုက္ခဖြစ်စေခဲ့တဲ့ ဒုတိယမိသားစုပင်လျှင် တံခါးဖွင့်ဖို့ ရည်ရွယ်ချက်မရှိပေ။

 မြေအောက် ကာစီနိုကြွေးရှင်များက ခြံဝန်းတစ်ခုလုံးကိုပင် ရိုက်ချိုးပစ်လိုက်ကြသည်။

 အိမ်နီးနားချင်းတွေတောင် ရုန်းရင်းဆန်ခတ်ဖြစ်သံကြားတော့ ရောက်လာပြီး အိမ်ကို လာကြည့်ကြသည်။

 ထိုအချိန်တွင် အခန်းကျဉ်းလေးရဲ့ တံခါးကပွင့်လာခဲ့သည်။

 ရန်ယန်က ပစ်မှတ်၏အသွင်အပြင်ဖြင့် လူတိုင်းရှေ့တွင် ပေါ်လာသည်။ ထင်ရှားသည်မှာ သူသည် ခွေးတစ်ကောင်လို ကြောက်လန့်နေပေမယ့် လူများ မမြင်နိုင်အောင် သူ့မျက်နှာတွင် တည်ငြိမ်မှုပြဖို့ အတင်းအကြပ် အားတင်းခဲ့သည်။

 အနှောင့်အယှက်ဖြစ်စေတဲ့ လူတစ်စုက ရန်ယန်ဆီ တယောက်ပြီး တယောက် သွားလိုက်ကြသည်။ သူတို့တွေ ပြဿနာရှာနေတာကို တခြားသူတွေ မသိမှာကို ကြောက်လို့ သူတို့ရဲ့ မျက်နှာတွေက ပိုပြီးအထက်စီးဆန်နေခဲ့သည်။

လင်းရှောင်ယွဲ့က အိပ်ယာပေါ်မှ ဆင်းဖို့ ချည်သားဂျာကင်အင်္ကျီကို အမြန်ဝတ်လိုက်သည်။ သူမ ထိတ်လန့်ကာ ရှေ့ကို ပြေးသွားခဲ့သည်။ သူမ ရှေ့ကနေလျှောက်ပြီး ဒုတိယရန်ယန်ကို ပိတ်ဆို့လိုက်ချိန်မှာတော့ ရလဒ်က သူမကို ဒုတိယရန်ယန်ရဲ့လက်တစ်ဖက်က သူမကိုပြန်ဆွဲခဲ့သည်။

 ဒုတိယ ရန်ယန်က သူမ ခန္ဓာကိုယ်ကို ပိတ်ဆို့ဖို့ သူမရှေ့တွင် ရပ်နေခဲ့သည်။ သူ့မျက်လုံးတွေက မီးတုတ်လိုပဲ။ သူ ခေါင်းဆောင်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းပါးပါးလေးကို ဖွင့်ဟခဲ့သည်။ "ခင်များ ရန်ဟုန်ဝမ်ကို ရှာနေတာလား။ မနေ့က သူမြို့ကို ပြန်ပြေးသွားပြီ"

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora