အပိုင်း ၇၂

1.4K 139 3
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၇၂


 ဒီနေ့ညကို မြတ်နိုးရာညလေးအဖြစ် သတ်မှတ်ထားတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

 ညစာစားပြီးနောက် လင်းရှောင်ယွဲ့က ရေနွေးခရားနှစ်လုံးနဲ့ အိုးကြီးနှစ်လုံးကို ဘေးခန်းငယ်လေးတွင် ထည့်လိုက်သည်။

 သူမ အခန်းငယ်လေးရဲ့ တံခါးကို ပိတ်လိုက်သည်။ သူမ ရေချိုးဖို့ အဆင်သင့်ဖြစ်နေပြီ။

 အရင်တုန်းကတော့ ရန်ယန်က သူမရေချိုးပြီးတိုင်း အပြင်မှာ အမြဲစောင့်နေပြီး သူမကိုအခန်းထဲမှာ ချိုးခိုင်းသည်။

 ထို့ကြောင့် ရန်ယန်က သူမ အတွင်းကမ္ဘာအစစ်အမှန်ကို မမြင်ဖူးခဲ့ပေ။

လင်းရှောင်ယွဲ့က ဒီနေ့ညတွင် တံခါးအပြင်က ရန်ယန်ကို သော့ပိတ်ထားခဲ့သည်။

 အခန်းကျဉ်းလေးထဲမှာ သူမတစ်ယောက်တည်းနေခဲ့သည်။ ရေနွေးခရားအိုးကို လောင်းချကာ အဝတ်အစားများကို ချွတ်ပြီး ညင်သာစွာ ထိုင်ချလိုက်သည်။

 အိမ်သေးသေးလေးရဲ့ တံခါးအပြင်ဘက်ရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် ထိုင်ရင်း ရန်ယန်က မလှုပ်မရှားဖြစ်ကာ ရံဖန်ရံခါ ဒူးကိုလက်နဲ့ထိပြီး ခြေဖဝါးကို ခါခဲ့သည်။ သူ့သေးငယ်တဲ့ လှုပ်ရှားမှုတွေက သူ့ တင်းမာမှုကို ပြသနေသည်။

 ဒါပေမယ့် ယန်ယန်လည်း တကယ်ကို ကြောက်ရွံ့နေမိသည်။

 ဒါဟာ သူနဲ့ သူမဘ၀မှာ ပထမဆုံး ကြီးမားတဲ့ အဖြစ်အပျက်ပဲ။

 ရစ်သမ်၊ ခွန်အား ဒါမှမဟုတ် ခံစားချက်တွေက ဤကိစ္စရပ်တွင် လူသားတွေရဲ့ မောင်းနှင်အားပေါ်တွင်သာ မူတည်ကြောင်း ရန်ယန် ရှင်းရှင်းလင်းလင်းသိသည်။

 ဒါကပထမဆုံးအကြိမ်ဆိုတော့ အတွေ့အကြုံနည်းသည်။

 ဒါကြောင့် သူမကို ဘယ်လိုခံစားချက်မျိုး ပေးနိုင်တယ်ဆိုတာ အာမခံချက်မရှိဘူး။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Where stories live. Discover now