အပိုင်း ၁၅

2.7K 353 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၁၅

တစ်စုံတစ်ယောက်က သူမကို နှင်ထုတ်ဖို့ စီစဉ်နေမှန်းလင်းရှောင်ယွဲ့ မသိပေ။ ထိုအချိန်တွင် သူမ ရန်ယန်နဲ့ အတူ အနားယူဖို့ အိမ်ထဲ ပုန်းနေခဲ့သည်။

နှစ်ယောက်သား ဆော့ကစားပြီး မကြာခင်မှာပဲ လူဆိုးအုပ်စုနဲ့ တိုးခဲ့ပြီး ရန်ယန်လေးကို အနိုင်ကျင့်ခဲ့ကြသည်။

အသက် (၆) နှစ်အရွယ် ကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို တွေးတောကာ လင်းရှောင်ယွဲ့က ဖို့ သူ့ကို ချော့ပေးခဲ့သည်။

သူမ ရန်ယန်ကို အိပ်ရာဝင်ပြီး အနားယူပြောကာ ရန်ယန်ရဲ့ နောက်ကျောကို ပွတ်သပ်ခဲ့ပြီး သူ့အနားတွင်လှဲကာ ပုံပြင်များပြောပြပြီး သန်မာဖို့ ပြောခဲ့သည်။

ရန်ယန်က စိတ်မ၀င်စားပေမယ့် လင်းရှောင်ယွဲ့ သူ့ကို ချော့ပေးတဲ့နည်းလမ်းကို သဘောကျသည်။

ကုတင်ပေါ် လဲလျောင်းနေတဲ့ သူ့မျက်နှာမှာ အပြုံးများ ပြည့်နှက်နေပြီး လင်းရှောင်ယွဲ့ ပါးစပ်ဖွင့်လိုက်ပိတ်လိုက်လုပ်နေတာကို တိတ်တဆိတ် ကြည့်နေခဲ့သည်။

"မိန်းမ၊ မင်းအရမ်းလှတာပဲ"  ရန်ယန် နှလုံးသားထဲက ချီးကျူးစကား ထွက်လာခဲ့သည်။

"တကယ်လား"

လင်းရှောင်ယွဲ့ မျက်ခုံးပင့်ကာ ညင်သာစွာ မော့လိုက်ပြီး "ကျွန်မကို ကြည့်တဲ့အချိန် ရေစစ် ယူမလာခဲ့တာ သေချာလား"

ဒီခေတ်ကို ရောက်လာပြီး ဒီခန္ဓာကိုယ်ကို အသုံးပြုပြီးတဲ့ နောက်မှာတော့ လင်းရှောင်ယွဲ့က သူမရဲ့ အလှကို တခြားသူတွေ ချီးမွမ်းတာကို တစ်ခါမှ မကြားခဲ့ဖူးဘူး။

ဒါပေမယ့် မိန်းကလေးတွေက တခြားသူတွေဆီက ချီးကျူးစကားကြားရတာကို သဘောကျတဲ့အတွက် လင်းရှောင်ယွဲ့ အဲဒါကို ကြားတော့ တော်တော်လေး အံ့သြသွားသည်။

ရန်ယန် ခေါင်းခါလိုက်သည်။ လင်းရှောင်ယွဲ့ ပြောတာကို သူ တကယ်နားမလည်ဘူး။  "အာ  ရေစစ် ဆိုတာ ဘာလဲ မိန်းမ "

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Où les histoires vivent. Découvrez maintenant