အပိုင်း ၆၄

1.5K 182 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၆၄


 အထီးကျန်ပြီး အေးစက်တဲ့ ညတစ်ညဖြစ်သည်။ လင်းရှောင်ယွဲ့က သူမ ခေါင်းအုံးနဲ့ တစ်ယောက်တည်း အိပ်ကာ ကုတင်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။

 တစ်ဖက်တွင်မူ ရန်ယန်က သူ့လျှို့ဝှက်စခန်းဝှက်ထားတဲ့ ကျောက်တံတားငယ်ကို ဖြတ်သွားခဲ့သည်။ ရွာအပြင် ရောက်တဲ့အခါတွင် ဘတ်စ်ကားကြီးတစ်စီးက လမ်းမပေါ်တွင် ရပ်ထားသည်။

 ဘတ်စ်ကား ပြတင်းပေါက် ပွင့်လာပြီး တောက်ပတဲ့ ဓာတ်မီးတစ်ခုက တောအုပ်ထဲ လှုပ်ရှားသွားကာ ရန်ယန် ပြေးနေသည့် အသွင်ကို ဖမ်းမိသွားလိုက်သည်။

 "အစ်ကို ရန်!"

 ဝမ်ထျဲရှန်က ရန်ယန်ကို လှမ်းအော်လိုက်သည်။ "ဒီမှာ အစ်ကို ရန်!"

ရန်ယန်က ဘတ်စ်ကား ဘေးလျင်မြန်စွာ ပြေးသွားပြီး ဘာပြဿနာမှ မရှိဘဲ ဆက်တက်သွားသည်။

 ဘတ်စ်ကားပေါ်မှာ ထိုင်နေတဲ့ ညီလေး နှစ်ယောက် သုံးယောက် ရှိသည်။ အဲဒီထဲက တစ်ယောက်က မှောင်ခိုဈေးကွက်မှာ လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ကို နောက်ဆုံးအကြိမ်က တွေ့ဆုံခဲ့တဲ့ ဝမ်ထျဲရှန်ပင်။

ရန်ယန် ကားထဲဝင်ပြီးနောက် တံခါးကို ချက်ချင်းပိတ်လိုက်သည်။ ဘတ်စ်ကားကို စက်နှိုးကာ ဦးတည်ရာဆီ မောင်းနှင်သွားခဲ့သည်။

 ဘတ်စ်ကားပေါ်တွင် ဝမ်ထျဲရှန်က သူ့အိတ်ကပ်ထဲက အဆာပြေထုပ်တစ်ထုပ်ကို စိတ်လှုပ်ရှားစွာ ဆွဲထုတ်လိုက်သည်။ "အစ်ကို ရန်၊ အမဲခြောက်ကြော် စားချင်လား။ ကျွန်တော် မြို့က လတ်လတ်ဆတ်ဆတ် နှစ်ထုပ် ယူလာတာ"

ရန်ယန်က ဝမ်ထျဲရှန်လက်မှ အိတ်ကို တိုက်ရိုက်ယူကာ သူ့အဝတ်အစားရဲ့ အိတ်ကပ်ထဲ ထည့်လိုက်သည်။ "ဒါက ငါ့ဟာ"

 သူက မယဉ်ကျေးဘူး။ ပြီးတော့ ကျေးဇူးတင်စကားတောင် မပြောတတ်ဘူး။

ဝမ်ထျဲရှန်က ရန်ယန်ရဲ့အကျင့်ကို ကျင့်သားရပြီးသားပင်။ သူ့လက်ထဲရှိတဲ့ အသားခြောက်ကို ရန်ယန်နဲ့ မျှဝေကာ စကားပြောလိုက်သည်။ "အစ်ကို ရန်၊ ဒီတစ်ထုပ်ကို ကျွန်တော့်မရီးစားဖို့တွက် ပြန်ယူသွားလိုက်၊ အစ်ကိုက ဒီတစ်ထုပ် စား" 

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Where stories live. Discover now