အပိုင်း ၉၇

485 82 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၉၇



 "ဒီလောက်ဈေးကြီးတယ်..."

 သက်လတ်ပိုင်း အမျိုးသမီးရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး ရှော့ခ်ရသွားခဲ့သည်။ "ဒီအိတ်ထဲမှာ ကြက်ခြေထောက် နှစ်ချောင်းပဲ ပါတာ။ ညီမလေးရဲ့ ကြက်ခြေထောက်က အရမ်းစျေးကြီးတာပဲ"

လင်းရှောင်ယွဲ့ က ကြက်ခြေထောက်ကို စားပြီးတာနဲ့ ပြောလိုက်သည်။ "အသီးအရွက်ဈေးမှာ ကြက်ခြေထောက်ဝယ်ရတာက ပိုစျေးသက်သာပါတယ်။ ဒါဆို ကြက်ခြေထောက်ဝယ်ဖို့ စားသောက်ဆိုင်တစ်ဆိုင်ကို သွားမယ်ဆိုရင် ပမာဏက နှစ်ဆပေးရမှာနော် ဟုတ်တယ်မလား။ ကျွန်မမှာ ကြက်ခြေထောက်လည်းရှိတယ် အဲ့တာကို အိတ်နဲ့လည်းထုပ်ထားပေးသေးတယ်။ ဒါက စျေးမကြီးပါဘူး။ ဒါက နှစ်ဝက်ကျော်လောက် သိမ်းထားလို့ရတယ်၊ ၁ယွမ်အတွက် ဆင့် ၅၀ တန် သုံးထုပ်ရတယ်လို့ ပြောပါရစေ။ ကုန်ကျစရိတ်ကသက်သာတယ်မလား"

 "အဲ့ဒါကလည်း ဈေးကြီးတာပဲ......"

 လူလတ်ပိုင်းအရွယ်အမျိုးသမီးက ကြက်ခြေထောက်ကို ကိုက်ရင်း မကျေမနပ် ပြောလိုက်သည်။

 ဒါပေမယ့် သူမရဲ့မျက်လုံးတွေက ကြက်ခြေထောက်တွေကို အမြဲစိုက်ကြည့်နေပြီး သူမရဲ့နှလုံးသားကတော့ ချီတုံချတုံဖြစ်နေတုန်းပဲ။

 ပေါက်ဈေးနဲ့ ယှဉ်ရင်.... ဈေးကြီးတဲ့အရာတွေက စျေးကြီးပေမယ့် သူမလည်း အဲ့တာကိုဝယ်ဖို့ တတ်နိုင်ပါတယ်! နည်းနည်းစဉ်းစားပြီးတဲ့အခါ သက်လတ်ပိုင်းအမျိုးသမီးက "ဘေးက ကြက်ခြေထောက်နဲ့ အတောင်ပံတွေကို ဘယ်လောက်ရောင်းလဲ" လို့မေးလိုက်သည်။

လင်းရှောင်ယွဲ့က တစ်ခုချင်းစီဖြေပေးခဲ့သည်။ "ကြက်ခြေထောက်က နှစ်ချောင်းအတွက် တစ်ယွမ်၊ တစ်ထုပ်ကို ၈၀ ဆင့်၊ ကြက်တောင်ပံ နှစ်ထုပ်အတွက် ၁.၆ ယွမ်၊ တစ်ထုပ်ကို ၉၀ ဆင့်၊ ဒီဈေးနဲ့တော့ အလျှော့အတင်းမရှိပါဘူး။ အရသာကို အာမခံနိုင်တယ်! တစ်ခါဝယ်ပြီး နောက်တစ်ကြိမ် အရသာမှတ်မိအောင် ထပ်စမ်းကြည့်လို့ရတယ်။"

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon