အပိုင်း ၃၃

2.1K 247 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၃၃

ထိုနေ့နံနက်တွင် ရန်ကော စစ်တပ်မိသားစုရဲ့သား ရန်ရွှေ့ချန်တစ်ယောက် မစင်တွင်းထဲ ပြုတ်ကျခဲ့ကြောင်း ရွာမှသတင်းထွက်လာခဲ့သည်။

ရန်ရွှေ့ချန် ထိုညက ရန်ယန်ကို ရှောင်ခဲ့ပေမယ့် မြစ်ထဲခုန်ဆင်းခဲ့ရသည်။

ဒါပေမယ့် မြစ်ရေက သူ့ခန္ဓာကိုယ်ပေါ်က မစင်နံ့ကို မဆေးကြောနိုင်ဘူး......

​နောက်​တစ်​​နေ့ သူ့အ​မေက သူ့အဝတ်​​တွေ ​လျှော်​တော့ မစင်​နံ့က သူတို့အာရုံကို ဖမ်းစားလိုက်​မိပြီး ရွာထဲက အလုပ်​များ​​နေတဲ့ အမျိုးသမီး​တော်​​တော်​​တော်​များများရဲ့ ပါးစပ်​က​နေ အဲ့သတင်းက တဖြည်းဖြည်း ပျံ့သွားခဲ့သည်​...

ထိုသတင်းက ပါးစပ်တစ်ပေါက်မှ တစ်ပေါက်စီ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ရှန့်ရန် ရွာငယ်လေးမှာ ရွာသားတွေက မနေ့ညက မစင်တွင်းထဲ ရန်ရွှေ့ချန် ပြုတ်ကျခဲ့တဲ့အကြောင်း ကြားခဲ့သည်

ရန်ရွှေ့ချန် ဖြစ်ပျက်ခဲ့တဲ့ဟာက အရှက်ကွဲတာလို့ ပြောလို့ရသည်။

ရန်ရွှေ့ချန် ရွာထဲ လျှောက်သွားသည့်နေ့တွင် မြင်တဲ့သူတိုင်းက သူ့ကို ကြိမ်ဖန်များစွာ လှောင်ပြောင်ရယ်မောကြသည်။ သို့မဟုတ် ချီးတွင်းထဲ ကျတဲ့အခါ သတိထားဖို့ အကြံပေးကြသည်။

ရန်ရွှေ့ချန်တစ်ယောက် ဒေါသထွက်ပြီး စိတ်ဆိုးသွားပေမယ့် ဒီကိစ္စမှာ ပါဝင်ပတ်သက်သူတွေ များလွန်းတာကြောင့် သူရှင်းပြလို့ မရဘဲ ဆုံးရှုံးမှုကိုသာ ခံစားနေရသည်။

ဒါကိုလုပ်ဖို့ သူ ဒီည လင်းရှောင်ယွဲ့ ထပ်သွားချင်သည်။  ဒါပေမယ့် မနေ့က ရန်ယန် သူ့ကို ထပ်တွေ့ခဲ့တယ်။ ဆိုလိုတာက ဒီကိစ္စကို တတိယလူက ထုတ်ဖော်ခဲ့ပြီး သူက လင်းရှောင်ယွဲ့ ရဲ့ခင်ပွန်းလည်း ဖြစ်သည်။

အပြစ်ရှိတဲ့အသိစိတ်ကြောင့် ရန်ရွှေ့ချန်တစ်​ယောက် တိတ်ဆိတ်စွာခံစားခဲ့ရရုံသာမက ရန် မိသားစုဝင်ဟောင်းအချို့ကိုလည်း ရှောင်ရှားခဲ့ရသည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang