အပိုင်း ၄၃

1.7K 218 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၄၃

လင်းရှောင်ယွဲ့က သူ့ကို ရွေးချယ်နိုင်စွမ်းရှိတယ်ဆိုတာ တတိယ ရန်ယန်က ဘယ်တော့မှ သိမှာမဟုတ်ပေ။

သူသိရင် လင်းရှောင်ယွဲ့ကို နေ့တိုင်းရွေးခိုင်းလိမ့်မည်။သူ့ကို နေ့တိုင်း ထွက်လာရအောင်လုပ်ခိုင်းမှာ။

ဟုတ်ပါတယ် လင်းရှောင်ယွဲ့ က သူမရဲ့လျှို့ဝှက်ချက်ကို အခုလောလောဆယ် သူ့ကိုပြောပြမှာ မဟုတ်ဘူး။

စာကြည့်ခန်းရဲ့ လျှို့ဝှက်ချက်ကို ဘယ်လို ဖြစ်စဉ်နဲ့မှ မရှင်းပြနိုင်သလို သူ့ကို သက်သေပြနိုင်ခြင်းတောင် မရှိတာကြောင့် သဘာဝအတိုင်း ပြောလို့မရပေ။

တတိယက ဒီမှာရှိနေပြီ။

လင်းရှောင်ယွဲ့က ဒီနေ့ ပျော်ရွှင်ပြီး စိုးရိမ်နေခဲ့သည်။

သူမ တတိယရန်ယန်နဲ့ သာယာသောနေ့ကို ပိုင်ဆိုင်နိုင်တာကြောင့် ပျော်ရွှင်ခဲ့သည်။

သူမ ဒုတိယရန်ယန်ကိုလည်း စိတ်ပူမိသည် ... ဒုတိယရန်ယန်က ဝမ်ရှို့ယင်၊ ရန်တယုံတို့နဲ့ လွန်ခဲ့တဲ့နှစ်ရက်က သူ့ရဲ့ဆက်ဆံရေးကို ပြေလျော့စေနိုင်ခဲ့သည်။  အခု သူထွက်လာတော့ တတိယက ဒီလက်ကျန်ကို ချိုးဖျက်သွားမှာကို သူမကြောက်သည်။

ထို့ကြောင့် အိပ်ရာပေါ်တွင် လဲလျောင်းနေသေးတဲ့ လင်းရှောင်ယွဲ့က တတိယရန်ယန်နဲ့ စကားကြိုပြောနေရသည်။

တတိယရန်ယန်ကို သူမ သတိပေးခဲ့သည်။ “ဒီနေ့ ရှင့်ဒေါသကို ထိန်းထားရမယ်။ ဒေါသမထွက်နဲ့၊ ဒုက္ခမပေးနဲ့။ ဒီရက်ပိုင်းအတွင်း ရှင့်မိဘတွေက ရှင့်ကို တဖြည်းဖြည်းလက်ခံလာပြီ။  လူကောင်းဖြစ်အောင်ကြိုးစား၊ ရှင့်ကိုဆိုးတယ်လို့ ထပ်ပြီးမတွေးမိသွားစေနဲ့"

တတိယရန်ယန်ကတော့ ဒါကို လှောင်ပြောင်ခဲ့သည်။ "သူတို့ တွေးတာကို ဂရုစိုက်ရမှာလား။ ကိုယ့်အကြောင်း သူတို့တွေးချင်တိုင်း တွေးလို့ရတယ်"ဘာပဲဖြစ်ဖြစ် သူတို့က သူ့ရဲ့မိဘတွေမဖြစ်ထိုက်ဘူး။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin