အပိုင်း ၃၉

1.9K 211 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၃၉

ရန်ယန်က ထိုအကြောင်းပြချက်အတွက် ဆရာသမားကို  မတွေ့ချင်ပေ။

ထိုဆရာသမားက သိုင်းလောကရဲ့ သူရဲကောင်းတစ်ဦးနှင့်တူသည်။

သူက ထူးဆန်းတဲ့ စကားများစွာကို ပြောကာ သူ့ကိုမကောင်းဆိုးဝါးတစ်ကောင်လို သတ်မှတ်ပြီး အသက် (၆) နှစ်အရွယ် ကလေးရန်ယန်က ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တယ်လို့ ယုံကြည်နေသည်။

ဒါပေမယ့် သူ့မိသားစုက ဆရာသမားရဲ့စကားကို ယုံကြသည်.....

တစ်နည်းဆိုရသော် မိသားစုက ၆ နှစ်အရွယ်ကလေးကို လိုချင်နေပေလိမ့်မည်။ သူ့ကိုတော့မလိုချင်ဘူး ...

ထို့ကြောင့် ရန်ယန်က ဆရာသမားဆီ သွားတွေ့ပြီး သူ့မိသားစုက သူ့ကို ငြင်းပယ်ခဲ့ပြီးနောက်မှာ သူ မထွက်လာတော့ဘဲ ၆ နှစ်သား ရန်ယန်ကို အခွင့်အာဏာအပြည့်ပေးထားခဲ့သည်။

အချိန်တိုင်းမို့လို့ပဲ......

ထိုဆရာသမားနဲ့ မိသားစုရှေ့တွင် သူတို့နှစ်ဦးက မနေသင့်သောဘက်၌ ရှိနေကြသည်။ နှစ်ယောက်လုံးကို နှိမ်နင်းရမယ်၊ ဖျောက်ပစ်ရမယ်.....

လင်းရှောင်ယွဲ့က ဆရာသမားကို သွားတွေ့ဖို့ ဒုတိယ ရန်ယန်နဲ့ ဆွေးနွေးလိုပေမယ့် ဒုတိယ ရန်ယန်က ဤကိစ္စကို တော်လှန်လွန်းလှသည်။

သူမ ဒုတိယ ရန်ယန်နဲ့ ခဏစကားပြောခဲ့သည်။ သူ ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့ကို ရှောင်နေခဲ့သည်မှာ နှစ်ပေါင်းများစွာရှိနေခဲ့တဲ့အကြောင်းကို သူမ  ဒုတိယရန်ယန်ဆီမှ သင်ယူရန်သာဖြစ်သည်။ ဒီလိုဖြစ်ရခြင်းရဲ့ တကယ့်အကြောင်းရင်းကတော့ မိဘမေတ္တာပဲ ဖြစ်သည်။

ဤမိဘနှစ်ပါးက ဒုတိယနှင့်တတိယတို့ကို ၎င်းတို့သားအဖြစ် အသိအမှတ်မပြုကြောင်း သိသာထင်ရှားသည်။

သူတို့က နာခံမှုရှိတဲ့ (၆)နှစ်သားကလေးကိုသာ အသိအမှတ်ပြုကြသည်။

ဆရာသမားကိုတွေ့ဖို့ ခေါ်သွားတိုင်း သူတို့ ရည်ရွယ်ချက်က ရိုးရှင်းသည် ...... ဒုတိယနဲ့ တတိယကို ဖျောက်ဖျက်ပစ်ဖို့ပဲ။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Où les histoires vivent. Découvrez maintenant