အပိုင်း ၃၆

2.4K 282 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၃၆

တစ်ညတည်းတွင် ရွာ၌ အပြင်းအထန်ကိုယ်ထိလက်ရောက်ကျူးလွန်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မိသားစုနှစ်စုက ရဲများကို ခေါ်၍ သူတို့ရဲ့အာရုံကို ဆွဲဆောင်ခဲ့ကြသည်။

ရွာသားတွေရဲ့ မဟုတ်မမှန်သ ကောလဟာလတွေအောက် ကျူးလွန်သူကို ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်မှုဟု ဖော်ပြကြသည်။

ဒါကြောင့် ဒီနေ့တစ်နေ့လုံး ရွာအပြင်ထွက်တဲ့လူ သိပ်မရှိပေ။ ကောလဟာလတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရွာသားတွေက နောက်ရက်အနည်းငယ်ကြာရင် သူတို့အပြင်မထွက်နိုင်မှာကို ကြောက်ကြသည်။

ရဲတပ်ဖွဲ့က ရွာတစ်ရွာလုံး တစ်အိမ်ပြီးတစ်အိမ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရန်ယန် အိမ်လည်း လာရောက်စစ်ဆေးခဲ့သည်။ ဒါပေမယ့်လည်း လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ဖြောင့်ချက်ပေးထားတာကြောင့် ရန်ယန်ကို သံသယမရှိခဲ့ပေ။

ရန်ယန်ရဲ့ဇနီး လင်းရှောင်ယွဲ့က ရန်ယန် အတွက် အလီဘိုင် ပေးခဲ့သည်။

ထို့ကြောင့် ဤကိစ္စက မည်သူ့ကိုမျှ ဦးတည်မှုမရှိဘဲ ဖြစ်လာစေခဲ့သည်။

လင်းရှောင်ယွဲ့ ဒီကိစ္စကို စုံစမ်းပြီးတော့ ရန်ယန်နဲ့ ဆက်နွယ်သွားမှာကို မစိုးရိမ်ဘူး။  ပြင်ပလူများရှေ့တွင် သူ့တတိယကိုယ်ခွဲကို မဖော်ပြဖို့ သတိထားနေသရွေ့ပေါ့။

ရန်ယန် နေ့ခင်းဘက်အထိ အိပ်ပျော်သွားပြီး ကလေးအဖြစ် ပြန်နိုးလာခဲ့သည်။

သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာရသွားတာကြောင့် အနည်းငယ်ခါးလှည့်လိုက်မိတာက နာကျင်တဲ့ ရှုံ့တွမှုကို ဖြစ်ပေါ်စေပြီး ၆ နှစ်အရွယ် ယန်ယန်ကို ငိုချင်စိတ်ကို ဖြစ်စေခဲ့သည်။  လင်းရှောင်ယွဲ့ ရဲတွေကို ပြန်လွှတ်လိုက်ပြီး ဘေးခန်းငယ်လေးကို ပြန်သွားချိန် ရန်ယန်ထဖို့ ရုန်းကန်နေတာ တွေ့လိုက်ရသည်။

သူမ သူ့ဆီသို့ အလျင်အမြန်ပြေးလာပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ " ဖြည်းဖြည်းလုပ် ခါးမှာ ဒဏ်ရာတစ်ခုရှိတယ်" လို့ပြောလိုက်သည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Where stories live. Discover now