အပိုင်း ၂၈

2.3K 287 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၂၈

လင်းရှောင်ယွဲ့က ရန်ယန်ရဲ့ခြေထောက်ကို ဆေးကြောပေးပြီးနောက်မှာ သူမ ခန္ဓာကိုယ်အောက်ပိုင်းကို ထပ် မသုတ်ပေးတော့ပေ။

သန့်ရှင်းတဲ့ အဝတ်အစားနဲ့ ဘောင်းဘီကို စားပွဲပေါ်တင်ပေးခဲ့ပြီး ရန်ယန် အခန်းထဲ အဝတ်လဲနေချိန် သူမ ရေသွန်ဖို့အတွက် အင်တုံကိုယူသွားခဲ့သည်။

ဒါပေမယ့် အိပ်ယာခင်းတွေက သူကြောင့် ညစ်ပတ်သွားတာမို့ နောက်ကျ ထပ်လဲဖို့ လိုသည်။

ညစာအတွက် နှစ်ယောက်သား အခန်းကျဉ်းလေးမှာ အတူတူစားခဲ့ကြသည်။  ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က သူတို့အိမ်မှာပဲ စားသောက်ကြသည်။  ဝမ်ရှို့ယင်က ရစ်ငှက် ပန်းကန်ကြီးတစ်ချပ်ကို ကြော်ခဲ့ပြီး ပန်းကန်သေးသေးလေးတစ်လုံးကို ရန်မိသားစုရဲ့သင်္ကေတဖြစ်တဲ့ သူ့မိဘတွေဆီ သားသမီးတွေရဲ့ရိုသေမှုအနေနဲ့ ပေးလိုက်သည်။

ကျန်ရှိတဲ့ အသားကောင်း အများအပြားကို လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ စားဖို့ ပို့ပေးခဲ့သည်။ လူကြီးနှစ်ယောက်က ရစ်ငှက်ခေါင်း၊ လည်ချောင်းနဲ့ ခြေထောက်တွေကိုသာ စားကြသည်။

ဝမ်ရှို့ယင်က ငါးပေါင်းကိုလည်း လင်းရှောင်ယွဲ့နဲ့ ရန်ယန်တို့ဆီ တိုက်ရိုက် ပေးပို့ခဲ့သည်။ လူကြီးနှစ်ယောက် နှစ်ယောက်လုံး မစားဘူး......

ဒီဟင်းပွဲကို လင်းရှောင်ယွဲ့က သူမစိတ်ထဲထိ ကျေနပ်စွာစားခဲ့သည်။

ဒီအရွယ်ကတည်းက သူမ စားဖူးသမျှ အစားအစာတွေထဲမှာ ဒါက သက်တောင့်သက်သာအရှိဆုံး အစားအစာဖြစ်ခဲ့သည်။

ပန်းကန်ဆေးဖို့ ဝမ်ရှို့ယင်ဆီ သွားပို့မလို့လုပ်တော့ ဝမ်ရှို့ယင်က ပန်းကန်တွေ ဆေးနေပြီး ရန်တယုံက ဝမ်ရှို့ယင်ရဲ့ဘေးမှာထိုင်နေပြီး ကြက် လှောင်အိမ် ရက်ပေးနေတာ တွေ့လိုက်ရသည်။

လင်မယားနှစ်ယောက် အတူတူအလုပ်လုပ်နေကြပြီး  မြင်ကွင်းက နွေးထွေးပြီး လိုက်ဖက်ညီလှသည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Donde viven las historias. Descúbrelo ahora