အပိုင်း ၉၁ / ၉၂ / ၉၃ / ၉၄ / ၉၅

561 19 0
                                    


အပိုင်း ၉၁

 ဤစကားများက ရန်ဟုန်ရင်၏ စိတ်ကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ပေးခဲ့သည်။

 တစ်ဦးနှင့်တစ်ဦး အလွန်သဟဇာတဖြစ်ပုံရသော ပထမမိသားစုသည်လည်း လိုက်လျောညီထွေမရှိလှပေ။

 ပထမမိသားစုနဲ့ ဒုတိယမိသားစုနှစ်ခုစလုံးက ငွေကြောင့် အရူးအမူးဖြစ်နေပြီဖြစ်သည်။

 ယနေ့ညက အသက်ဝင်သောညတစ်ညဖြစ်ခဲ့သည်။

 တတိယမိသားစုက ဘာမှလုပ်စရာမရှိလို့ မြစ်ကိုဖြတ်ပြီး မီးကိုကြည့်နေခဲ့သည်။

ဝမ်ရှို့ယင်နဲ့ ရန်တယုံတို့က ဇာတ်လမ်းတစ်ခုလုံးကို ကြားလိုက်ကြပြီး လင်မယားနှစ်ယောက်သား အခန်းထဲ ပုန်းနေခဲ့ကြသည်။

 တစ်ဖက်တွင် သူတို့မိသားစုက လုံခြုံပြီး သာယာပျော်ရွှင်နေကာ တစ်ဖက်တွင်မူ ချန်ချိုင်ယွင် ကို သင်ခန်းစာတစ်ခု သင်ကြားပေးသင့်သည်ဟု ခံစားခဲ့ရသည်။

ချန်ချိုင်ယွင်ဆိုတဲ့ ဒီအမျိုးသမီး သင်ခန်းစာသင်ယူသင့်တာ ကြာပြီ။

 အခု သူတို့မိသားစုရဲ့ မျက်နှာကို ရိုက်ခံရပြီး သူတို့သားအမိကို မျက်နှာပြောင်တိုက်ပြပြီး ရည်ရွယ်ချက်က အရမ်းမိုက်တယ်လို့ ပြောလို့ရသည်။

 အိပ်ယာပေါ်မှာလဲလျောင်းနေတဲ့ ဝမ်ရှို့ယင်က ဝမ်းသားအားရနဲ့ ပြောလိုက်သည်။ "ဒီနေ့ နေ့လည်ခင်းတုန်းက ချန်ချိုင်ယွင် ကျွန်မကိုလည်း ကြွားဖို့လာခဲ့သေးတယ်။ သူတို့မိသားစုက မြို့ကိုသွားပြီးတော့ မြို့ထဲမှာ အလုပ်လုပ်မှာဆိုပြီး ရှောင်ယွဲ့ နဲ့ ရှောင်ယန်ကို မထီမဲ့မြင်ပြုခဲ့တယ်။ အဲဒီအချိန်က သူမရဲ့ အထင်အမြင်သေးတာကို ကြည့်ပြီး ကျွန်မ အဆင်မပြေလောက်အောင်ကို သူတို့ကိုပါးနှစ်ချက်လောက်ရိုက်ချင်နေခဲ့တာ။ အခုတော့ကောင်းလိုက်တာ သူတို့မိသားစုကို ပါးနှစ်ချက်ရိုက်စရာတောင် မလိုတော့ဘူး။ သူတို့ရဲ့မိသားစုက သူတို့ကိုရိုက်ပြီးသွားပြီ။ ဧကန်စင်စစ် ရေတွေ တဟုန်ထိုးတက်လာပြီး နဂါးဘုရင်ရဲ့ ဘုရားကျောင်းကို ပြည့်လျှံသွားပြီး သူတို့မိသားစုက သူတို့မိသားစုအချင်းချင်းကို ရိုက်ခဲ့ကြတာ”

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz