အပိုင်း ၄၅

1.7K 219 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၄၅

လင်းရှောင်ယွဲ့က ကုတင်ပေါ်သို့ ပြေးသွားပြီး စောင်အောက်တွင် ပုန်းကာ ရန်ယန် လည်ပင်းကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်ပြီး မျက်နှာကို နမ်းလိုက်သည်။

သူမ ရှက်ရွံ့ကာ မျက်ခုံးပင့်လိုက်သည်။ "မြန်မြန်ပြောပြတော့ ဒုတိယမိသားစုကို ရှင်ဘယ်လို လုပ်လိုက်တာလဲ"

ရန်ယန်က သူမကိုသိုင်းဖက်ကာ သူ့ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ်ဖက်ထားပြီး ဒီနေ့ ရန်ဟုန်ဝမ်ကို သူဘာလုပ်ခဲ့လဲဆိုတာ ပြောပြခဲ့သည်။

ဒီနေ့ ကာစီနိုတွင် ရန်ဟုန်ဝမ်ကို တွက်ချက်ဖို့ သူတစ်စုံတစ်ဦးကို ငှားရမ်းခဲ့ကြောင်း လင်းရှောင်ယွဲ့ သိခဲ့ရသည်။

  ပထမတော့ သူက ရန်ဟုန်ဝမ်ကို အကြီးကြီးအနိုင်ယူခွင့်ပေးထားပြီး နောက်မှ ကြီးမားတဲ့ ဆုံးရှုံးမှုကို တွေ့ကြုံခံစားခွင့်ပေးခဲ့တာ...

လောင်းကစားသမားတွေအတွက် အခြေခံအားဖြင့်တော့ သူတို့ရဲ့စိတ်ထဲမှာ မြန်မြန်ဆန်ဆန် အနိုင်ရပြီးရင် သူတို့ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူး။

ရန်ဟုန်ဝမ်က တစ်မနက်လုံး ကံကောင်းစွာနဲ့ နိုင်ခဲ့သည်။  သူ မပျော်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

နေ့လယ်စာစားဖို့တောင် သူ အိမ်မပြန်ဘူး... နောက်ပိုင်းမှာ ကာစီနိုရဲ့ အာရုံစိုက်မှုကို ရခဲ့သည်။ 

ရန်ယန်နဲ့ ကာစီနို နှစ်ဖက်စလုံးရဲ့ လည်ပတ်မှုအောက်တွင် ရန်ဟုန်ဝမ်က နေ့ခင်းဘက်၌ စိတ်ဆင်းရဲစရာကောင်းစွာ ရှုံးသွားတော့သည်...

ရှုံးလေလေ ပိုမဲလေလေပဲ။  သူအနိုင်ရခဲ့သမျှငွေတွေ ဆုံးရှုံးရုံတင်မကဘဲ သူ့ကိုယ်ပိုင်ငွေတွေ အကုန်ဆုံးရှုံးခဲ့သလို ကာစီနိုကနေလည်း ပိုက်ဆံချေးခဲ့သည်။

ရန်ဟုန်ဝမ်က ကာစီနိုမှ ယွမ် ၅၀ ချေးယူထားသည်ကို တွေ့သည်အထိ ရန်ယန်က  ကာစီနိုတွင်နေခဲ့သည်။

ယွမ် ၅၀ ချေးတာက သူ့အတွက် ရပ်တန့်ဖို့ ပိုခက်သည်။

နောက်တစ်ကြိမ် သူ လုံးဝ ချေးဦးမှာပဲ။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang