အပိုင်း ၄.၁

2.9K 402 2
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၄.၁


ရန်ယန်ရဲ့ တတိယ ကိုယ်ခွဲက မူရင်းစာအုပ်၌ တကယ့်ဗီလိန်ဖြစ်သည်။

သူက အမှောင်ဖုံးသွားခဲ့ပြီး တတိယ ကိုယ်ခွဲကို အားကိုးကာ တစ်ချိန်ထဲမှာပဲ အဆိုးဆုံး ဗီလိန်ဖြစ်လာခဲ့သည်။ 

စာအုပ်ထဲတွင် တတိယကိုယ်ခွဲကို ထိုဖော်ပြထားသည်- သူက သူ့အောက်က အခြားလူတွေအတွက် စဥ်းစားပြီး ကိုယ်တိုင်ကြွေးကြော်ထားတဲ့ ဘုရင်တစ်ပါးဖြစ်ကာ လိမ်ညာပြီးပဲ ဖြစ်ဖြစ် ကောက်​ကျစ်ပြီးပဲ ဖြစ်ဖြစ် သူ့ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်လိမ့်မည်။ 

ဘယ်ကြောင့်လဲဆိုတော့ တတိယကိုယ်ခွဲက ဒီလိုဖြစ်သည်။  ပထမကိုယ်ခွဲနဲ့ ဒုတိယကိုယ်ခွဲက တတိယကိုယ်ခွဲကို နှောင့်ယှက်တာကြောင့် တတိယကိုယ်ခွဲက မကြာခဏ မထွက်နိုင်ပေ။

မူရင်းစာအုပ်ထဲတွင် နောက်ပိုင်း​၌ တတိယကိုယ်ခွဲက ခန္ဓာကိုယ်ကို လုံးဝသိမ်းပိုက်ခဲ့သည်။

အဆုံးတွင်... မူလပိုင်ရှင် လင်းရှောင်ယွဲ့ရဲ့ ကာလရှည်အနိုင်ကျင့်ခြင်း အကြောင်းရင်းက သူ့ကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ပေးခဲ့သည်။

ထို့ကြောင့် တတိယကိုယ်ခွဲက ခန္ဓာကိုယ်ကို လုံးဝသိမ်းပိုက်လိုက်တဲ့အခါ မူလပိုင်ရှင် လင်းရှောင်ယွဲ့ကို လျင်မြန်စွာ ဖြေရှင်းခဲ့သည်။

သူ သူမကို ကွာရှင်းပြီး သူတောင်းစားကို ပေးကာ သူတောင်းစားကို သူမနောက်လိုက်ဖို့ ပိုက်ဆံပေးသည်။ ပြီးတော့ သူမကို အနိုင်ကျင့်ဖို့...

ရှည်လျားပြီး ကြောက်စရာကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ဖြစ်ခဲ့တာပင်။

လင်းရှောင်ယွဲ့က မကြာခင်မှာပဲ တတိယကိုယ်ခွဲနဲ့ တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။

ကံကောင်းထောက်မစွာနဲ့ သူမ သူ့အပေါ် မကောင်းမှုတွေ မပြုလုပ်ခဲ့ပေ။

သူမ မကြောက်ဘူး ဟမ့်!

"ရှင်...ရှင် ဘာလို့ ဒီလိုဝတ်​ထားတာလဲ? ဘာအတွက်လဲ?"

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Où les histoires vivent. Découvrez maintenant