အပိုင်း ၅၃

1.5K 193 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၅၃


ထို့ကြောင့် ရန်ယန် လက်ထဲက အလကားရထားတဲ့ ဒီမီးရှူးမီးပန်း လက်တစ်ဆုပ်စာတွေ မြင်လိုက်ရတာကြောင့် ကလေးတွေက စိတ်လှုပ်ရှားသွားခဲ့ကြသည်။

သူတို့မျက်လုံးထဲမှာတော့ ရန်ယန်ရဲ့လက်ထဲမှာရှိတဲ့ အရာတွေက အလကားရထားတာဖြစ်ပြီး သူတို့ အချိန်မရွေး ယူလို့ရတယ်ဆိုတာပဲ။

ဒါပေမယ့် ရန်ယန်ရဲ့ ဇနီးဖြစ်သူရဲ့ မျက်နှာပေါ်မှက ထေ့ငေါ့ပြီးရေးဆွဲထားတဲ့ အကြည့်က ဘယ်လိုဖြစ်နေတာလဲ။

 "ဟိုမှာ အလကားပေးတာဆို အဲ့မှာသွားတောင်းလေ။ ဒါကို ငါ့ပိုက်ဆံနဲ့ ငါဝယ်ထားတာ။ ၅ ယွမ် တန်တယ်!"

လင်းရှောင်ယွဲ့က လက်ပိုက်ပြီးပြောလိုက်သည်။ "ငါ့မိသားစုရဲ့ ပစ္စည်းတွေကို ယူချင်ရင် မင်း ပိုက်ဆံပေးရမယ်!"

 "အရူး၊ ခင်များမိန်းမက အရမ်းကပ်စီးကုပ်တာပဲ၊ ခင်များ စကားတောင် မပြောတော့ဘူးလား"

ဝမ်ရှောင်ရှန်းက ငြူစူဆောင့်အောင့်ကာ ရန်ယန်ကို အမိန့်ပေးတဲ့လေသံနဲ့ တိုက်ရိုက်ပြောလိုက်သည်။

ဒီကလေးက ရန်ယန်ကို အရင်တုန်းက အမိန့်ပေးလေ့ရှိပြီး သူ့ရှေ့က ရန်ယန်ကိုလည်း ဒီလိုလေသံမျိုး သုံးခဲ့သည်။

 အားလုံးသိကြတဲ့အတိုင်း လက်ရှိ ရန်ယန်က... သူ ရှုပ်ဖို့ တတ်နိုင်သူတစ်ယောက်တော့ မဟုတ်ဘူး။

 ဝမ်ရှောင်ရှန်းက အရမ်းစိတ်ဆိုးနေတာကို ရန်ယန် မြင်လိုက်သည်။ ဒီကလေးက အသက်မပြည့်သေးဘူး၊ သူ့စကားတွေက ချီးနံ့ထွက်နေတယ်။

 အနံ့အရမ်းဆိုးတယ်။

 အထူးသဖြင့် စကားတွေပြော ပြီးတဲ့အခါ ရန်ယန်က ဝမ်ရှောင်ရှန်းရဲ့ ခေါင်းကို ဖိဖို့ တက်သွားခဲ့သည်။

 သူ့လက်​​တွေက ပြင်းထန်​လာခဲ့သည်​...

 ဝမ်ရှောင်ရှန်းက ချက်ချင်း ရပ်မနေနိုင်တော့ဘဲ မြေပြင်ဆီ ငုံ့သွားခဲ့သည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon