အပိုင်း ၇၁

1.1K 126 0
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၇၁



 "ဟုတ်ပါတယ်၊ ရှင်ဒါမျိုးမကြုံဖူးဘူး။ ရှင့်ရဲ့စျေးပေါတဲ့မိန်းမက ဘယ်ကရောက်လာတာလဲ။ ရှင့်စိတ်ထဲမှာ အကြံတစ်ခုတော့ ရှိသင့်တယ်" လင်းရှောင်ယွဲ့က ရန်ယန် ရဲ့လက်မောင်းကိုဆွဲပြီး သူမဒီကိုစရောက်တုန်းက အဖြစ်အပျက်ကိုပြောပြလိုက်သည်။

 တတိယ ရန်ယန်ကလည်း ဒီကိစ္စကို သိပြီး သူ့စိတ်ထဲမှာ မှတ်ဥာဏ်တွေ ရှိနေသည်။

 သူ အိုးထဲကဟင်းတွေကို အကြိမ်အနည်းငယ်မွှေပြီး ယောင်းမကို အခြားလက်ဆီ ပြောင်းလိုက်ကာ သူ့ရဲ့အားနေတဲ့လက်နဲ့ လင်းရှောင်ယွဲ့ လည်ပင်းကို ဖက်ပြီး သူမကိုနမ်းလိုက်သည်။

 "ကိုယ်က ကံကောင်းတယ်၊ ကိုယ်က တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးစရာ မလိုဘဲ ကိုယ့်ဇနီးဖြစ်ခွင့်ပေးလိုက်တာ။ မင်းက ဒီကမ္ဘာမှာ တကယ်ရှားပါးတဲ့သူ မဟုတ်ဘူးလား"

 ရန်ယန် ပြုံးလိုက်ပြီး သူ့မျက်ခုံးတွေနဲ့ မျက်လုံးတွေက စနောက်မှုတွေ ပြည့်နှက်နေသည်။

 ဤအကြည့်မျိုးက တတိယရန်ယန်အတွက်လည်း ထူးခြားသည်။

လင်းရှောင်ယွဲ့က သူ့ရဲ့ မကောင်းတဲ့ စွမ်းအင်တွေကို တကယ် နှစ်သက်ခဲ့သည်။ သူမ လက်သေးသေးလေးက သူ့ခါးကို သိုင်းဖက်လိုက်ကာ ခေါင်းကို သူ့ပခုံးပေါ်တင်လိုက်သည်။ "ရှင်ကတကယ် ကံကောင်းတယ်၊ ရှင် ဘာမှ မလုပ်ခဲ့ဘူး။ ဒါပေမယ့် ရှင့်မှာ ဒီလို ဇနီးကောင်း ရှိသေးတယ်"

 ဟုတ်ပါတယ် သူမကံလည်းကောင်းပါတယ်။

 သူမ ဘာမှ မလုပ်ခဲ့ပေမဲ့ ပစ္စည်းတွေ ထုတ်ယူဖို့ အာကာသနေရာလွတ် ကျန်သေးသည်။

 ဤအာကာသနေရာလွတ်သာ မရှိရင် လင်းရှောင်ယွဲ့အနေနဲ့ တတိယရန်ယန်နဲ့ အချစ်ရေးဘဝတောင် မရနိုင်ပေ။

ရန်ယန်က သူမခေါင်းကို ပွတ်သပ်ကာ ဖယ်လိုက်သည်။ "မီးခိုးတွေ အရမ်းများနေတယ်၊ ​​အရမ်းကြီး အနားမကပ်နဲ့ မင်းမျက်နှာ အဝါရောင်လေး ဖြစ်သွားလိမ့်မယ်"

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Où les histoires vivent. Découvrez maintenant