အပိုင်း ၇

2.8K 385 1
                                    

Unicode

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ်

အပိုင်း ၇

သူမ ရန်ယန်ရဲ့ တတိယ ကိုယ်ခွဲကို စောင့်မျှော်ခဲ့ပေမယ့် ရလဒ်အနေဖြင့် သူအိပ်ရာက နိုးလာတဲ့အခါ ၎င်းက ဒုတိယ ကိုယ်ခွဲဖြစ်နေခဲ့သည်။

သူနိုးလာပြီးနောက် အိပ်ယာပေါ်တွင် ကြောင်တောင်တောင် ထိုင်နေကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ဝမ်ရှို့ယင်နဲ့ ထင်းခုတ်ရာမှ ပြန်လာတဲ့ လင်းရှောင်ယွဲ့က ရန်ယန်ကို တွေ့ဖို့ သူမအခန်းဆီပြန်သွားခဲ့သည်။  သူ့ခန္ဓာကိုယ်က တစ်စုံတစ်ယောက် သူ့ဆီ ချဉ်းကပ်လာတာကိုမလိုချင်သလို လျစ်လျူရှုထားသလိုမျိုး လေထဲမှာ လွင့်ပျံနေသည်။

ဒါ ဒုတိယ ကိုယ်ခွဲမဟုတ်ဘူးလား။

လင်းရှောင်ယွဲ့ ပြန်လာတာကို ရန်ယန် မြင်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်က နွမ်းလျလာပြီး စောင်ထဲ ဝင်နေခဲ့သည်။ ခုခံကာကွယ်နေသလို ကုတင်ထောင့်မှာ ပုန်းနေပုံရသည်။

"ဘာလုပ်​​နေတာလဲ။ ကျွန်မကို​ သတိနဲ့ကာကွယ်တားဆီး​​နေတယ်​လို့ မ​ပြောနဲ့နော် !"

လင်းရှောင်ယွဲ့ သူ့ဆီ လျှောက်သွားခဲ့သည်။  သူမ ထုံးစဲအတိုင်း ကုတင်ပေါ်တွင် ထိုင်ကာ သူ့နားကိုင်းလိုက်သည်။  "ရှင့်ရဲ့သူငယ်ချင်းလေးနဲ့ တခြားတစ်ဖက်က ရှင်တို့အားလုံး ကျွန်မကို ဇနီးအဖြစ် အသိအမှတ်ပြုကြပြီ။ ရှင် ကျွန်မကို ဘယ်တော့ လက်ခံမှာလဲ"

မေးလိုက်တဲ့အခါ ရန်ယန်ရဲ့ မျက်နှာက နီရဲသွားခဲ့သည်။စောင်ကိုသူ့လက်တွေနဲ့  ဆုတ်ကိုင်ထားသည်။

ဟုတ်ပါတယ်၊ သူမ စကားကြောင့် သူလည်း အံ့သြသွားသည်။

သူ့ခန္ဓာကိုယ်မှာ ကိုယ်ခွဲသုံးယောက်ရှိကြောင်း သူမဘာကြောင့်သိမှန်း သူ သေချာမသိပေ။

"ဒီလောက်ကြီး ငြိမ်မနေပါနဲ့၊ တစ်ခုခုပြောဦး။ ကျွန်မ ရှင်နဲ့ ဆွေးနွေးချင်တာရှိတယ်"

လင်းရှောင်ယွဲ့ တစ်ဖြည်းဖြည်း တိုးသွားသည်။ သူမ စောင်ရဲ့ထောင့်ကို ဖမ်းကိုင်လိုက်ပြီး ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

၇၀ ခုနှစ်တုန်းက ငါ ဗီလိန်နဲ့ အတူနေခဲ့တယ် (ဘာသာပြန်)Where stories live. Discover now